ဘန်ကောက် – ဇွန်(၂၀) 

လာမယ့် ဇူလိုင်လ(၁) ရက်နေ့ကစပြီး ထိုင်းနိုင်ငံက ခရိုင်ဒေသန္တရအားလုံးကို အစိမ်းရောင်ဇုံ အဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး စီးပွားရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံကိုဗစ် အခြေအနေစီမံအုပ်ချုပ်ရေးဗဟိုစင်တာရဲ့ ပြောဆိုချက်တွေအရ ပြည်ပနိုင်ငံ တွေက ထိုင်းနိုင်ငံကို လာရောက်ရင် လျှောက်ထားဖို့လိုအပ်တဲ့ Thai Pass နဲ့ Mask တပ်ဆင်မှု ကန့်သတ်ချက်တွေကို လာမယ့် ဇူလိုင်လ(၁) ရက်နေ့ကစတင် ရုတ်သိမ်းသွားမှာဖြစ်တယ် လို့သိရပါတယ်။ 

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ရွှေ့ပြောင်းလုပ်သားတွေကို ခရိုင်ဖြတ်ကျော် ခေါ်ဆောင် နိုင်မှာဖြစ်ပြီး ခွင့်ပြုချက်လျှောက်ထားဖို့ မလိုအပ်တော့သလို ဘီယာဆိုင်တွေ နဲ့ ကလပ်တွေ ကို လည်း မနက်(၂) နာရီအထိဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ကိုဗစ် အခြေအနေစီမံအုပ်ချုပ်ရေးဗဟိုစင်တာ က ပြန်လည်ဖြေလျှော့မှုတွေပြုလုပ်ထားပေမယ့် လူဦးရေ(၂၀၀၀) ထက်ပိုတဲ့ စုဝေးမှုတွေကိုတော့ ခရိုဒေသန္တရ အသီးသီးရဲ့ ကူးစက်ရောဂါကော် မတီမှာ မှတ်ပုံတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။

အလုံပိတ်ဧရိယာတွေနဲ့ အကြီးစားစုဝေးမှုတွေအတွင်း ကူးစက်မှု အန္တရာယ်တွေဖြစ်နိုင်ချေ ရှိသေးတဲ့အတွက် Mask တပ်ဆင်ဖို့ကိုလည်း အာဏာပိုင်တွေက အကြံပြုထားပါတယ်။ 

Ref: Nationthailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.