ကီးယက် – ဇွန်(၁၇) 

ယူကရိန်းနိုင်ငံကို ကူညီထောက်ပံဖို့အတွက် စေတနာ့ဝန်ထမ်းလုပ်နေတဲ့ အမေရိကန် နိုင်ငံသား နှစ်ဦးပျောက်ဆုံးနေပြီး ရုရှားက ဖမ်းဆီးခေါ်ဆောင်သွားမှာကို စိုးရိမ်နေတယ်လို့ တာဝန်ရှိသူတွေ နဲ့ မိသားစုဝင်တွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ 

အမေရိကန်ဟာ ယူကရိန်းကို ဒေါ်လာဘီလျံနဲ့ချီပံ့ပိုးပေးနေပေမယ့် ရုရှားနဲ့ ထိပ်တိုက်မတွေ့ဆုံ ဖို့အတွက်ကြိုးပမ်းနေပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေဟာ ရှုပ်ထွေးမှု နောက်ထပ် အလွှာတစ်ခု အဖြစ်ထပ်တိုးလာနိုင်ပါတယ်။ 

အလာဘားမားမှာ နေထိုင်တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းနှစ်ဦးဟာ ယူကရိန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ သူတို့ရဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ 

ဒီသီတင်းပတ်အစောပိုင်းက ပျောက်ဆုံးနေသူတစ်ဦးရဲ့ မိခင်ဆီက အဆက်အသွယ် ရရှိထားတယ်လို့ လွှတ်တော်အမ်တ် တာရီ ဆဝဲလ်က ပြောပါသေးတယ်။ 

“သူ့မိသားစုတွေရဲ့ ပြောကြားချက်အရ ရက်အတော်ကြာကြာ သူတို့ဆီက သတင်းအစ အနမရပါ ဘူး၊ သူ့ကိုရှာဖို့နဲ့ သူ့မိသားစုအတွက် အဖြေတွေရှာဖို့ ကျွန်မတို့ အစွမ်းအစရှိသလောက် ဆက် လုပ်သွားမယ်” လို့  လွှတ်တော်အမတ်တာရီဆဝဲလ်က ‌ေပြာပါတယ်။  

အမေရိကန်ဟာ လေးလကြာ ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းကို အလည်သွားရောက်ခြင်းအား သူ့နိုင်ငံသားတွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။ 

“ဒါဟာ စစ်ပွဲဇုန်တစ်ခုပါ၊ တိုက်ပွဲဖြစ်နေပါတယ်၊ ပြီးတော့ ယူကရိန်းကို ထောက်ပံ့ဖို့ စိတ်အား ထက်သန်တယ်ဆိုရင် ပိုဘေးကင်းပြီး ထိရောက်မှု ရှိစေမယ့် တခြားနည်းလမ်းတွေလည်း ရှိပါ သေးတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အမေရိကန်နိုင်ငံသားနှစ်ဦးပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးပဲ သူတို့ အမှန်တကယ်ပျောက်ဆုံးသွားရင် ဘေးကင်းစွာအိမ်ပြန်နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ သူကပြောပါသေးတယ်။  

အမေရိကန်နိုင်ငံသားတွေပျောက်ဆုံးမှုအတွက် ပထမဆုံးအစီရင်ခံချက်မှာ ပြီးခဲ့တဲ့ ဇွန်လ(၉) ရက်နေ့က ခါကိဗ်အရှေ့မြောက်ဘက် ရုရှားရဲ့ ပိုမိုကြီးမားတဲ့ ဖိအားပေးတိုက်ခိုက်မှုတွေအတွင်း ပြေးလွှားရင်း ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြခဲ့ကြတာပါ။ 

ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ မိခင်းက သူ့သားဟာ ယူကရိန်းတပ်တွေကို အမေရိကန်လုပ်လက် နက်တွေအသုံးပြုနည်းကို သင်ကြားပေးနေတာဖြစ်တယ်လို့ မိသားစုတွေကို ပြောခဲ့တယ်လို့ ဆိုထားပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရည်ညွှန်းပြီး “အဲလက်စ်က ယူကရိန်းနိုင်ငံသားတွေကို ကြံခိုင် စေပြီး ပူတင်ကို ပြန်တွန်းလှန်နိုင်စေမယ့် နည်းလမ်းတွေနဲ့ လေ့ကျင့်သင်ကြားပေးလိုတဲ့ ပြင်းပြ တဲ့စိတ်ခံစားချက်ရှိတယ်လို့ သူမက ဝါရှင်တန်ပို့စ်ကို ပြောထားပါတယ်။ 

၎င်းဖမ်းဆီးခံထားရသူနှစ်ဦးဟာ ဖေဖော်ဝါရီလကစတင်ဖြစ်ပွားခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက် မှုတွေအတွင်း ထိခိုက်ခဲ့ရတဲ့ ပထမဆုံးအမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်ပါတယ်။ 

ဗြိတိန်နိုင်ငံသားနှစ်ဦးဟာလည်း စစ်ပွဲအတွင်းသေဆုံးခဲ့ပြီး တခြားဗြိတိန်နိုင်ငံသား နှစ်ဦးကိုလည်း ကြေးစားသမားတွေအဖြစ် ဖမ်းဆီးကာ ရုရှားလိုလားတဲ့ တရားရုံးတစ်ခုက သေဒဏ် ချမှတ်ခဲ့ ပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ(၁) ဘီလျံထောက်ပံ့ဖို့ ကြေညာထားပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေကိုတော့ ရုရှားနဲ့ ထိပ်တိုက် ရင်ဆိုင်ခိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.