နယူးယောက် ၊ ဇွန် (၁၆)

ကိုကာကိုလာအနေဖြင့် Coke အရသာနှင့် ဂျက်ဒယ်နီရယ် တဲနစ်ဆီ ဝီစကီကို ပေါင်းစပ်ပြီး ကော့တေး ဗူးများ ထုတ်လုပ်ဖို့အတွက် Brown Forman ကုမ္ပဏီနှင့် မိတ်ဖက်ပြုလိုက်ကြပြီ ဖြစ်ပါတယ်။

သကြားဓါတ်လုံးဝမပါဝင်သော ရွေးချယ်မှုများလည်း ပါဝင်လာမည့် အဆိုပါယမကာ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မဖြန့်ဖြူးခင် ယခုနှစ်နှောင်းပိုင်းမှာ မက်ဆီကိုရှိ ဈေးဝယ်စင်တာများဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

စံနှုန်းအားဖြင့် အရက်ပါဝင်မှု ၅ ရာခိုင်နှုန်းအထိရှိမည်ဖြစ်ပြီး နိုင်ငံအလိုက် မူတည်ပြီး အရက်ပါဝင်မှု ပြောင်းလဲမယ်လို့ ဆိုပါတယ်။

BrownForman CEO Lawson Whiting က အမေရိကန်ရဲ့ မူလလက်ဟောင်း အမှတ်တံဆိပ်နှစ်ခုရဲ့ တူညီသော၊ သက်တောင့်သက်သာဖြစ်သော၊ ရွေ့လျားနိုင်သော စသဖြင့် စားသုံးသူများ ချစ်ခင်နှစ်သက်သော အရသာတစ်ခုကို မျှဝေရန်အတွက်ဖြစ်ပါတယ်။

 ဒီ ယာမကာအသစ်ထုတ်လုပ်‌ရေး ချဲ့ထွင်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ပြီး ကျွန်ုပ်တို့ရဲ့ စီးပွား‌ရေးလုပ်ငန်းများကိုလည်း ကမ္ဘာနှင့်အဝှမ်းပျံ့နှံ့အောင် ဆောင်ရွက်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

IWSR သောက်သုံးသူရေးရာ အကဲဖြတ်ဆန်းစစ်ခြင်းရဲ့ အချက်အလက်များအရ ကော့တေးသည် သောက်သုံးသူများကို ပိုမိုသက်‌တောင့်သက်သာဖြစ်စေပြီး အရသာသစ်ဆန်းသည့်အတွက်ကြောင့် ဝိုင်နှင့် ဘီယာများထက်ကို ကျော်လွန်ပြီး ရေပန်းစားလာခဲ့ပါတယ်။

 ထိုယမကာအမျိုးအစားသည် လွန်ခဲ့သောနှစ်မှာ ဈေးကွက်အတွင်း ၅၃ ရာခိုင်နှုန်းအထိ နေရာရလာခဲ့ပြီး နောက် ၃ နှစ်အကြာမှာ ၂၉ ရာခိုင်နှုန်းအထိ ရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေက တွက်ဆထားပါတယ်။ 

Ref : CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.