ဖနွမ်းပင် – ဇွန်(၁၆)
တရုတ်နိုင်ငံကထောက်ပံ့ထားတဲ့ ကမ္ဘောဒီယားရေတပ်စခန်းတိုးချဲ့မှုကို စိုးရိမ်မှုတွေ မြင့်တက် လာစေသလိုအဲ့ဒီအခြေစိုက်စခန်းကို တရုတ်ကို အသုံးပြုခွင့်ပေးမယ်ဆိုရင် အကျိုးဆက် တွေ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒဲရက်ခ် ချိုလတ်က ပြောခဲ့ပါတယ်။
အခုလိုရေတပ်စခန်းတိုးချဲ့နေတာဟာ ကမ္ဘောဒီးယားရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး အတွင်းရေးမှူးချုပ်မူဝါဒရေးရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ချိုလက်က စင်္ကာပူနိုင်ငံကို အလည်အပတ်လာရောက်ချိန်မှာ ပြောခဲ့တာပါ။
ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းက ရီးယမ်းရေတပ်စခန်းတိုးချဲ့မှုအတွက် အုတ်မြစ်ချ အခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီစခန်းရဲ့ တစိတ်တစ်ပိုင်းကို တရုတ်စစ်တပ် အသုံးပြုဖို့ ဖယ်ထားတယ်လို့ အမေရိကန် အရာရှိတစ်ဦးက ဆိုပါတယ်။
“ငါတို့ဘာတွေလုပ်လာနိုင်မလဲ မလုပ်လာနိုင်ဘူးလဲဆိုတာကို ကျနော်မခန့်မှန်းချင်ဘူး၊ ဒီစခန်းမှာ တရုတ်စစ်တပ်ကို ထားရှိမှုရဲ့ အကျိုးဆက်တွေလို့ ကျနော်တို့က ကမ္ဘောဒီးယားမိတ်ဆွေတွေကို သူတို့အတွက် ရှင်းရှင်းလင်းလင်း ဖြစ်ထားပါပြီ၊ ဒါက ကမ္ဘောဒီးယားနှင့် အမေရိကန်တို့ရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေမှာ”လို့ အမေရိကန်အရာရှိ တစ်ဦးက ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရအဖွဲ့က နိုင်ငံအတွင်း တရုတ်စစ်တပ်ရဲ့ ဩဇာကြီးထွားလာမှုနဲ့ ပတ်သက်ပြီး အချိတ်အတော်ကြ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ကမ္ဘောဒီးယားကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက သူတို့ရဲ့ လက်နက်ရောင်းချမှု စာရင်းမှာ ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလက ထည့်သွင်းခဲ့ပြီး နည်းပညာဆိုင်ရာ တင်ပို့မှုတွေကို တင်းတင်းကြပ်ကြပ် စီစစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးဆိုင်ရာ အပလီကေးရှင်းတွေနဲ့ အသုံးပြုသူတွေအတွက် ထိခိုက်လွယ်တဲ့ ပစ္စည်းရောင်းချ တာတွေကို ပိတ်ပင်ထားပြီး အဲ့ဒီပစ္စည်းတွေ တရုတ်နိုင်ငံကို လမ်းကြောင်းပြောင်းသွားနိုင်တာကို စိုးရိမ်နေကြတာပါ။
တောင်တရုတ်ပင်လယ်ကို စစ်ရေးအရမလုပ်ဆောင်ဖို့ တရုတ်နိုင်ငံက သဘောတူထားတာကို ချိုးဖောက်ပြီးနောက် အခြေစိုက်စခန်းကို ကိုယ်တိုင်အသုံးမပြုဘူးဆိုတဲ့ တရုတ်ရဲ့ အာမခံပြော ဆိုမှုတွေကို ချိုလတ်က သံသယရှိနေတယ်လို့ သိရပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ စစ်ဘက်ရေးရာ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်က ဘာပြောနေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားပါတယ်ကျွန်ုပ်တို့၏ ကြိုးပမ်းမှု၏ အခြေခံ အုတ်မြစ်မှာ အဆိုပါ မိတ်ဖက်များနှင့် မဟာမိတ်များကို ပိုမိုအားကောင်းစေဖို့ဖြစ်တယ်” လို့ ချိုလတ်က ပြောပါတယ်။
ဒါ့အပြင်တောင်တရုတ်ပင်လယ်ကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တုံ့ပြန်ရာမှာ ဒေသတွင်း အမေရိကန်မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သူက ပြောပါသေးတယ်။
အမေရိကန်ဦးဆောင်တဲ့ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်နဲ့ ပတ်သက်ပြီး အချိန်ကြာလာလေ အာဆီယံအဖွဲ့ဝင်တွေနဲ့ ဒေသတွင်း တခြားနိုင်ငံတွေအတွက် သိသာထင်ရှားတဲ့ စီးပွားရေး အကျိုး ကျေးဇူးတွေ ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Nikkei Asia