ကန်ဘာရာ – ဇွန်(၁၅)

ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်တဲ့ ဩစတြေးလျမှာ စွမ်းအင်အကြပ်အတည်းကြောင့် လူဦးရေထူထပ်တဲ့ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက်မှာ စွမ်းအင်ပြတ်တောက်သွားဖွယ်ရှိတယ်လို့ နိုင်ငံသားတွေကို ဇွန်လ(၁၄) ရက်နေ့ ကသတိပေးလိုက်ပါတယ်။ 

လူ(၁၃) သန်းကျော်နေထိုင်တဲ့ ကွင်းစလန်းနဲ့ နယူးဆောက်ဝေးလ်စ်ပြည်နယ်တွေမှာ ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်တယ်လို့ ဩစတြေးလျနိုင်ငံရဲ့ စွမ်းအင်စျေးကွက်ထိန်းချုပ်ရေးမှူးက သတိပေးထားတာပါ။ 

ဝန်ကြီးချုပ်အသစ် အန်တိုနီ အယ်လန်နီးစ်က စွမ်းအင် အကြပ်အတည်းနဲ့ ပတ်သက်ပြီး ဆယ်စုနှစ် တစ်ခုနီးပါး အုပ်ချုပ်ခဲ့တဲ့ ယခင်အစိုးရကို ပြစ်တင်ဝေဖန်ထားပါတယ်။ 

“ယခင်အစိုးရ၏ စွမ်းအင်မူဝါဒကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းရဲ့ အကျိုး ဆက်တွေကို ယခုအချိန်မှာ  ခံစားနေကြရတယ်” လို့ ဘရစ္စဘိန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

ဗဟိုလက်ဝဲအစိုးရ အာဏရလာခဲ့တဲ့ ပထမ ရက်သတ္တပတ်တွေအတွင်း အကြပ်အတည်းနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေလျှော့ရမယ်ဆိုတာ ဆန်းစစ်နေချိန်မှာ သူ့ရဲ့ အစိုးရက အရာအားလုံး ဟာ စားပွဲပေါ်မှာ ရှိနေပြီလို့ အယ်ဘန်နီးစ် က ပြောပါတယ်။ 

နိုင်ငံရဲ့ စွမ်းအင်စျေးကွက်ထိန်းညှိသူတွေဟာ ထုတ်လုပ်သူတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ ကြပေမယ့် (၁) မီဂါ်ဝပ်ကို ဩစတြေးလျ ဒေါ်လာ (၃၀၀) စျေးနှုန်းကန့်သတ်ချက်တွေကြောင့် ပြည်သူတွေ ဓာတ်အားပိုမို သုံးစွဲလိုစိတ်မရှိခဲ့ ကြပါဘူး။ 

ထိန်းသိမ်းရေးအဖွဲ့ဟာ ကုမ္ပဏီတွေကို လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ်ဖို့ တွန်းအားပေးတဲ့ နည်းလမ်း ကို စူးစမ်းရှာဖွေနေပြီး ကွင်းစလန်မှာ ဓာတ်အားပြတ်တောက်မှု တွေရှောင်ရှားနိုင် ဖို့ အရှိန်မြှင့်တင်ထားပါတယ်။ 

ဩစတြေးလျဟာ ကမ္ဘာ့ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးထိပ်တန်း ထုတ်လုပ်တဲ့ သုံးနိုင်ငံထဲ က တစ်နိုင်ငံဖြစ်ပေမယ့် အရှေ့ဘက်ကမ်းရိုးတန်း က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တွေရဲ့ လေးပုံတစ်ပုံခန့်ဟာ ပြုပြင်ထိန်းသိမ်းမှုတွေကြောင့် လက်ရှိမှာ အော့ဖ်လိုင်း ဖြစ်နေ ပါတယ်။ 

ယူကရိန်းကို ရုရှား ကျူးကျော်ဝင်မှုကြောင့် ဩစတြေးလျ ဓာတ်ငွေ့တင်ပို့မှု လိုအပ်ချက် တွေ မြင့်တက်စေခဲ့ပြီး ပြည်တွင်းမှာ ဓာတ်အား ပြတ်လပ်မှုကို လျော့ပါးသက်သာစေမယ့် ပိုလျှံနေတဲ့ ဓာတ်အားတွေကိုပါ ရှင်းလင်းသွားခဲ့တယ်လို့ သိရပါတယ်။ 

စွမ်းအင်ဝန်ကြီး ခရစ်ဘိုဝမ်းက နောက်ထပ်ပြတ်လပ်မှုတွေ မရှိသရွေ့ ဓာတ်အား ပြတ်တောက် တာတွေကို ရှောင်ရှားဖို့  လုံလောက်တဲ့ ထောက်ပံ့မှုတွေရှိနေတယ်လို့ အင်္ဂါနေ့မှာ ပြောဆို ထားပါတယ်။ 

ဩစတြေးလျ အင်စတီကျူ က စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ရီချီမာဇီယမ်က ဒီအကြပ် အတည်းတွေကို ရှောင်ရှားဖို့ ချိန်ခွင်လျှာကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောဆိုထား ပါတယ်။ 

“ဩစတေးလျသည် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးကို မှီခိုနေရသရွေ့၊ ဩစတြေးလျ ဓါတ်အားသုံးစွဲသူတွေဟာ လွှမ်းမိုးထားတဲ့ ကမ္ဘာ့လောင်စာဆီဈေးကို ကျွန်ုပ်တို့ ထိန်းချုပ်နိုင်တာထက် ကျော်သွားလိမ့်မယ်” လို့သူက ပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.