တိုင်ပေ – ဇွန်(၁၅)
ထိုင်ဝမ်အစိုးရက အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာနေတဲ့ ထိုင်ဝမ်ရေလက်ကြား ဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး မဟာဗျူဟာ လမ်းကြောင်းအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးထိန်းချုပ်လိုတဲ့ တရုတ်ရဲ့ တောင်းဆိုချက်တွေကို ရှုတ်ချတယ် လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်ရေလက်ကြားဟာ ၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်တွေ ပြည်တွင်း စစ်ရှုံးပြီး ထိုင်ဝမ်ကို ထွက်ပြေးချိန်ကစပြီး မကြာခဏ စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။
ဗြိတိန်၊အမေရိကန်နဲ့ ကနေဒါ စစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး ရွက်လွှင့် သွားလာနေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ပြစ်တင်ပြောဆိုထားပါတယ်။
ထိုင်ဝမ်ရေလက်ကြားကို အချုပ်အခြာအာဏာနဲ့ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ဇွန်လ(၁၃) ရက်နေ့ က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပေမယ့် ပုံမှန်ဖြတ်သန်းသွားလာမှု အပါအဝင် ထိုင်ဝမ်ရေလက်ကြားကနေ သွားလာတဲ့ နိုင်ငံခြားသင်္ဘောတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ထိုင်ဝမ်က လေးစားတယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Miss Joanne Ou က တုံ့ပြန်ထားပါတယ်။
“ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ရေပိုင်နက်အပြင်ဘက်ရှိ ရေတွေဟာ နိုင်ငံတကာဥပဒေရဲ့ ပင်လယ်ပြင်လွတ်လပ်မှု’ မူအရသာဖြစ်တယ်” လို့ ထိုင်ဝမ်နိုင် ငံခြားရေးဝန်ကြီးဌာက ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့အတွက် အမေရိကန်ရဲ့ လွတ် လပ်စွာ ရေကြောင်းသွားလာရေး မစ်ရှင်တွေရဲ့ ပံ့ပိုးကူညီမှုကို ထောက်ခံတယ်လို့လည်း သူမက ပြောပါသေးတယ်။
ထိုင်ဝမ်အစိုးရက တရုတ်အနေနဲ့ ထိုင်ဝမ်ရေလက်ကြားကို အချုပ်အခြာ အာဏာသုံးပိုင်ခွင့်မရှိ သလို ပြည်သူတွေကသာ ကိုယ့်အနာဂတ်ကိုယ်ဆုံးဖြတ်နိုင်ပြီး တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ ဘယ်နရာကိုမှ ချုပ်ကိုင်မထားနိုင်ဘူးလို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ဟာ သူတို့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားပြီး လွတ်လပ်ရေးပေးမှာ မဟုတ်ဘူးလို့ တရားဝင်ပြောဆိုထားပြီး စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ် ထားတယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Ref : Bangkok Post