FILE PHOTO: Members of the Cargo Truckers Solidarity union attend a protest in Ulsan, South Korea, June 10, 2022. REUTERS/Byungwook Kim/File Photo

ဆိုးလ် – ဇွန်(၁၅) 

တောင်ကိုရီးယားနိုင်ငံက ထရပ်ကားယာဉ်မောင်းတွေရဲ့ တပတ်ကြာ သပိတ်မှောက်မှုကြောင့် ဆီမီးကွန်ဒတ်တာ ချပ်စ်ပြားသန့်စင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ရောင်းချနေတဲ့ အေဂျင့်တွေ ရဲ့ တင်ပို့ရောင်းချမှုတွေ ရပ်တန့်စေခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်မှု အသင်း (KITA) က ပြောပါတယ်။ 

သပိတ်ကြောင့် တောင်ကိုရီးယား စက်မှုလုပ်ငန်းအတွက် ဒေါ်လာ (၁.၂) ဘီလျံကျော်ဆုံးရှုံခဲ့ရသ လို ထုတ်လုပ်မှုနဲ့ ပေးပို့မှု အလျင်မမှီခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ် ထုတ်လုပ်မှုရဲ့ ထောက် ပံ့ရေးကွင်းဆက်တွေထိခိုက်ခဲ့တာပါ။ 

Chip ဝေဖာလို့ခေါ်တဲ့ ချိစ်ပြားတွေကို သန့်ရှင်းရေးလုပ်ရာမှာ သုံးတဲ့ Isopropyl alcohol (IPA) ကို ထုတ်လုပ်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီတစ်ခုဟာ နာမည်ကျော် ဆမ်ဆောင်းအီလက် ထရော နစ် ဆီ ချိစ်ပြားတွေပို့နေတဲ့ တရုတ်ကုမ္ပဏီတွေဆီ ချိစ်ဝေဖာပြားတွေပို့ဆောင်ချိန်မှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်ပတ်အတွင်း တန်ချိန်(၉၀) လောက် တင်ပို့မှု နှောင့်နှေးခဲ့ ရတယ်လို့ KITA က ပြောထားပါတယ်။ 

သပိတ်ဆင့်ကဲ ဖြစ်စဉ်အနေနဲ့ တရုတ်ကုမ္ပဏီဟာ အစောပိုင်းမှာ ချိစ်ပြား ထုတ်လုပ်မှု ရပ်တန့် သွားတာဖြစ်တယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်းမှာ ချိစ်ပြားတွေကို ကိုရီးယားကနေ တရုတ်ကို မရောက်လာတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ထရက်ကားသမားတွေကတော့ လောင်စာဆီစျေးတက်လာပြီး အနည်းဆုံး အခကြေးငွေ အာမခံချက် မရရှိတဲ့အတွက် သမဂ္ဂ က အစိုးရနဲ့ လေးကြိမ်တိုင် ဆွေးနွေးပြီး ပြေလည်မှု မရခဲ့တဲ့အတွက် ဆက်လက်သပိတ်မှောက်သွားမှာဖြစ်တယ်လို့ ပြောကြပါတယ်။ 

တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ဇွန်လ(၁၄) ရက်နေ့ ထုတ်ပြန်ချက်မှာ တော့ လက်ရှိအခြေအနေကို ပြောဆိုဖို့ ဆန္ဒမရှိသလို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။ 

Samsung နဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး Memory ချစ်ပ် ထုတ်လုပ်သူ SK Hynix တို့ အနေနဲ့ အနည်းဆုံး (၃) လလောက်ဒီအခြေအနေကို ထိန်းထားနိုင်မယ်လို့ လေ့လာသူတွေက ပြော ဆိုထားပါတယ်။ 

ထရပ်ကားသမားတွေရဲ့ ကာလရှည်ကြာ သပိတ်ကြောင့် အစားအစာ၊အရက်၊လယ်ယာနဲ့ ငါးဖမ်းထွက်ကုန်အသေးစားလုပ်ငန်းရှင်တွေနဲ့ တင်ပို့ရောင်းချသူတွေလည်း ထိခိုက် စေခဲ့ ပါတယ်။ 

တောင်ကိုရီးယား ထွက်ကုန် ဆိုဂျုးအရက်အကြီးဆုံး ထုတ်လုပ်သူ HiteJinro ကုမ္ပဏီ က တာဝန် ရှိသူတစ်ဦးက ဒီဆန္ဒပြမှုဖြစ်စဉ်တွေကြောင့် တင်ပို့ရောင်းချမှု (၄၀) ရာခိုင်နှုန်းလောက် ဖြတ် တောက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ 

လက်လီအရောင်းဆိုင်အကြီးစားတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ကားတွနဲ့ ပို့ဆောင်မှုတွေ လုပ်ဆောင်နေပေမယ့် ထရပ်ကားသမားတွေအပေါ် မှီခိုနေရတဲ့ လုပ်ငန်းငယ်တွေကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်မှုအသင်း (KITA) က ပြောဆိုခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.