June 15, 2022

ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက တရုတ်ကို ဆန့်ကျင် ပြောဆို

တိုင်ပေ – ဇွန်(၁၅) ထိုင်ဝမ်အစိုးရက အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာနေတဲ့ ထိုင်ဝမ်ရေလက်ကြား ဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး မဟာဗျူဟာ လမ်းကြောင်းအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးထိန်းချုပ်လိုတဲ့ တရုတ်ရဲ့ တောင်းဆိုချက်တွေကို ရှုတ်ချတယ် လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားဟာ ၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်တွေ ပြည်တွင်း စစ်ရှုံးပြီး ထိုင်ဝမ်ကို ထွက်ပြေးချိန်ကစပြီး မကြာခဏ…

ဩစတြေးလျ မှာ စွမ်းအင် မပြတ်တောက်အောင် တောင့်ခံထား ရ

ကန်ဘာရာ – ဇွန်(၁၅) ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်တဲ့ ဩစတြေးလျမှာ စွမ်းအင်အကြပ်အတည်းကြောင့် လူဦးရေထူထပ်တဲ့ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက်မှာ စွမ်းအင်ပြတ်တောက်သွားဖွယ်ရှိတယ်လို့ နိုင်ငံသားတွေကို ဇွန်လ(၁၄) ရက်နေ့ ကသတိပေးလိုက်ပါတယ်။ လူ(၁၃) သန်းကျော်နေထိုင်တဲ့ ကွင်းစလန်းနဲ့ နယူးဆောက်ဝေးလ်စ်ပြည်နယ်တွေမှာ ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်တယ်လို့ ဩစတြေးလျနိုင်ငံရဲ့ စွမ်းအင်စျေးကွက်ထိန်းချုပ်ရေးမှူးက သတိပေးထားတာပါ။…

ထရပ်ကားဒရိုင်ဘာတွေ သပိတ်မှောက်ခဲ့လို့ ချပ်စ်ပြားတင်ပို့ရောင်းချတဲ့ အေဂျင့်တွေ အထိနာ

ဆိုးလ် – ဇွန်(၁၅) တောင်ကိုရီးယားနိုင်ငံက ထရပ်ကားယာဉ်မောင်းတွေရဲ့ တပတ်ကြာ သပိတ်မှောက်မှုကြောင့် ဆီမီးကွန်ဒတ်တာ ချပ်စ်ပြားသန့်စင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ရောင်းချနေတဲ့ အေဂျင့်တွေ ရဲ့ တင်ပို့ရောင်းချမှုတွေ ရပ်တန့်စေခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်မှု အသင်း (KITA) က ပြောပါတယ်။ သပိတ်ကြောင့် တောင်ကိုရီးယား စက်မှုလုပ်ငန်းအတွက် ဒေါ်လာ (၁.၂) ဘီလျံကျော်ဆုံးရှုံခဲ့ရသ လို ထုတ်လုပ်မှုနဲ့ ပေးပို့မှု…