June 11, 2022

ကိုရီးယားမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗီဇာမဲ့ မြန်မာနိုင်ငံသားသုံးဦးကို NUG က ပြန်လွတ်မြောက် အောင်ဆောင်ရွက်ပေး

ဆိုးလ် – ဇွန်(၁၁) တောင်ကိုရီးယားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ အချုပ်မှာဖမ်းဆီးခံထားရတဲ့ ဗီဇာမဲ့ မြန်မာ နိုင်ငံသား (၃) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြန်လည် လွတ် မြောက်အောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံသား (၃) ဦးဟာ ဒယ်ဂျွန်းမြို့မှာ နေထိုင်ပြီး အလုပ်လုပ်နေတာဖြစ်ပြီး ကိုရီးယား လူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ အတွက်…

PDF တွေ လက်နက်အပ်ပြီး ပြည်သူ့ဘဝ ကို ပြန်ဝင်ရင် ကြိုဆိုမယ်လို့ စစ်ကောင်စီပြော

နေပြည်တော် – ဇွန်(၁၁) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တခြားအဖွဲ့အစည်းအမျိုးမျိုးတို့အနေနဲ့ လက်နက်အပ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရင် ကြိုဆိုလက်ခံသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်လိုက်လိုက်ပါတယ်။ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုတွေကို ပြုလုပ် နေမယ်ဆိုရင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေး စေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက…

ထားဝယ်-ထီးခီးလမ်းပိုင်း ရွှေ့ပြောင်းအလုပ်သမားကား သွားလာခွင့် ရက်အကန့်အသတ် မရှိ ပိတ်ပင်

ထားဝယ်၊ ဇွန် ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းပိုင်းကနေ ထိုင်းနိုင်ငံကို သွားရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားကား (ဒေသအခေါ် ဘော်လုံးကား) သွားလာခွင့်ကို ဇွန် ၁၁ ရက်နေ့ကစပြီး ရက်အကန့် အသတ် မရှိ ပိတ်ပင်လိုက်တယ်လို့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်) EDF က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ထားဝယ်-ထီးခီးလမ်း ဝကုန်းကျေးရွာအနီးမှာ လမ်းသွားလမ်းလာ…

အမေရိကန်-စင်ကာပူတို့ကြား တည်ငြိမ်သော ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတည်ဆောက်ဖို့ အတည်ပြု

စင်ကာပူ၊ ဇွန် ၁၁ အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် စင်္ကာပူ ကာကွယ်ရေးဝန်ကြီးတို့ ဇွန်လ ၁၀ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား နီးကပ်သော ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမယ့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်ရဲ့ စင်ကာပူနိုင်ငံ တရားဝင် ခရီးစဉ်အတွင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ဒေါက်တာနောင်းကို ရှန်ဂရီလာဟိုတယ်မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာ…

သေဒဏ်ပေးတာကို ဖျက်သိမ်းဖို့ မလေးရှားနိုင်ငံသဘောတူ

ကွာလာလမ်ပူ – ဇွန်(၁၁) တရားရုံးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ချမှတ်ရမယ့် အစားထိုး ပြစ်ဒဏ်နဲ့ အတူ သေဒဏ်ကို ဖျက်သိမ်းဖို့ မလေးရှားနိုင်ငံအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ပါတယ်။ လွှတ်တော်နဲ့ ဥပဒေ ဌာနက ဝန်ကြီး ဒေါက်တာ ဝမ်ဂျူနိုင်ဒီတွမ်ကူဂျာဖာက အစိုးရအဖွဲ့ အစည်းအဝေးမှာ အစားထိုးပြစ်ဒဏ်တွေလေ့လာတဲ့ အစီရင်ခံစာကို တင်ပြပြီးနောက် ဒီဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။ “အစီရင်ခံစာမှာ ရှင်းပြထားတဲ့…

သီရိလင်္ကာနိုင်ငံ သမ္မတရဲ့ အစ်ကို ပါလီမန် က နှုတ်ထွက်

ကိုလံဘို – ဇွန်(၁၁) သီရလင်္ကာသမ္မတနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းရဲ့ အကိုဖြစ်သူ Basil Rajapaksa ဟာ ပြင်းထန် တဲ့ စီးပွားရေးအကြပ်အတည်းအတွင်း အစိုးရက နှုတ်ထွက်ခဲ့ပြီး ဩဇာကြီးမားတဲ့ မိသားစု က ဒုတိယနိုင်ငံရေးသမား ပါလီမန်က နှုတ်ထွက်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်းကို ကာလရှည်ကြာ ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် သမ္မတ Gotabaya Rajapaksa ရဲ့…