ဟောင်ကောင် – ဇွန်(၅) 

လွန်ခဲ့တဲ့ (၃၃) နှစ်က တီယန်မင်ရင်ပြင်က ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြတဲ့ လူအုပ်ကြီးကို သွေးထွက်သံယိုဖြစ်စေခဲ့တဲ့ တရုတ်ရဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အထိမ်းအမှတ်ပွဲတွေ မပြုလုပ်ဖို့ ဟောင်ကောင်က သတိပေးထားပြီး ပန်းခြံအနီးမှာ လုံခြုံရေးထူထပ်စွာ ချထားပါတယ်။ 

အခုလို လုံခြုံရေးထူထပ်စွာ ချထားတာနဲ့ ပတ်သက်ပြီး သမိုင်းမှန်ကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ထိုင်ဝန်ကဝေဖန်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်မှာ သေဆုံးသူအရေအတွက်အတိအကျကို တရုတ်နိုင်ငံက ထုတ်ပြန်ထားတာမရှိပေ မယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မျက်မြင်သက်သေတွေက လူဦးရေထောင်နဲ့ချီရှိနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။ 

“ကြုံတွေ့ခဲ့ရတာတွေကို သတိရနေဖို့ပါဘဲ၊ ဘယ်သူမှ မမှတ်မိရင် ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ ဒုက္ခက ဘယ်တော့မှရပ်တန့်မှာ မဟုတ်သလို ကျူးလွန်သူတွေကလည်း သူတို့ရဲ့ ရာဇဝတ် မှုတွေကို ဆက်လက်ကျူးလွန်သွားလိမ့်မယ်” လို့ ထင်ရှားတဲ့ တရုတ်လူ့အခွင့်အရေးရှေ့နေက  ရိုက်တာ ကိုပြောခဲ့ပါတယ်။ 

တရုတ်ပြည်မကြီးမှာ အထိမ်းမအမှတ်ပွဲတိုင်းကို တရုတ်အာဏာပိုင်တွေက တားမြစ်ထားပြီး လက်ရှိ အချိန်မှာ ဟောင်ကောင်မှာလည်း အာဏာပိုင်တွေက တားမြစ်ချက်တွေ ထုတ်ပြန်ထား တာပါ။ 

ကိုဗစ်ကပ်ရောဂါမဖြစ်ပွားချိန်မှာ နှစ်ပတ်လည်ဆုတောင်းပွဲအတွက် လူများစုဝေးရောက်ရှိနေတဲ့ ဟောင်ကောင်ရဲ့ ဗစ်တိုးရီးယားပန်းခြံမှာ အာဏာပိုင်တွေက ကွင်းရဲ့အဓိက နေရာတွေကို ပိတ်ဆို့ထားပြီး လာရောက်သူတွေကိုလည်း တရားမဝင်စုဝေးမှုဖြစ်တယ်လို့ ခြိမ်းခြောက်ထား ပါတယ်။ 

၁၉၈၉ ခုနှစ်အကြိမ်းဖက်ဖြိုခွင်းမှုအတွင်းကျဆုံးသွားသူတွေအတွက် ကျင်းပတဲ့ ဘယ်လိုအထိမ်း အမှတ်ပွဲမဆို ပြုလုပ်ရင် နိုင်ငံတော်လုံခြုံရေးဥပဒေတွေနဲအရေးယူခံရမှာ ဖြစ်တယ်လို့ မြို့တော်ခေါင်းဆောင် ကာရီလမ်းက ပြောဆိုထားပါတယ်။ 

“ဖမ်းဆီးခံရမှာကို ကြောက်တဲ့အတွက် လူတိုင်း နှုတ်ဆိတ်နေကြပါတယ်” လို့အသက် ၅၇ နှစ်အရွယ် ဟောင်ကောင်ဒေသခံ ဗစ်တာက ဗစ်တိုးရီးယား ပန်းခြံမှာ ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံက ဟောင်ကောင်ကျွန်းကို ၂၀၂၀ ခုနှစ်ဇွန်လမှာ အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ် ချမှတ်ခဲ့ပြီး အဖျက်အမှောင့် လုပ်ရပ်များ၊ အကြမ်းဖက်ဝါဒများနဲ့ နိုင်ငံရပ်ခြားအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ 

အဲ့ဒီဥပဒေပြဌာန်းပြီးတည်းက အကဲဆက်တဲ့ ဇွန်လ(၄) ရက်အထိမ်းအမှတ်နေ့နဲ့ အခမ်းအနား တွေမှာ အဖွဲ့အစည်းတွေစုပေါင်းပြီး အထိမ်းအမှတ်အဖြစ် ပစ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချတာ မဟာမိတ်အဖွဲ့တွေပြုလုပ်တဲ့ နှစ်စဉ် အစီအစဉ်တွေကို ဖျက်သိမ်းပြီး ဇွန်လ (၄) ရက်ပြတိုက်ကို ပိတ်လိုက်သလို အွန်လိုင်းမှာသာ ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ကျောင်းနှစ်ကျောင်းက Pillar of Shame လို့ခေါ်တဲ့ ဒီမိုကရေစီနတ်ဘု ရားရုပ်တုကိုလည်း တက္ကသိုလ် ပရဝဏ်အတွင်းက ဖယ်ရှားခံခဲ့ရပါတယ်။ 

ဟောင်ကောင်ဟာ ကိုဗစ်ကန့်သတ်ချက်တွေကို အကြောင်းပြပြီး ၂၀၂၀ ခုနှစ်က စတင်ပြီး နှစ်စဉ်အထိမ်းအမှတ်ပွဲတွေကို ပိတ်ပင်ထားသလို ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက အာဏာပိုင်တွေဟာ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ အဲ့ဒီစည်းမျဉ်းတွေကို အသုံးပြုတာဖြစ် တယ်လို့ စွပ်စွဲထားပါတယ်။ 

၂၀၂၁ ခုနှစ်ကလည်း ဇွန်လ(၄) ရက်နေ့ နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပတဲ့ လူစုဝေးမှု ကိုတားဆီးဖို့ ဟောင်ကောင်ပန်းခြံကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး စီစဉ်သူတွေကိုလည်း ဖမ်းဆီး ခဲ့ပါတယ်။ 

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေက လူတွေရဲ့အမှတ်တရတွေကို မဖျက်နိုင်ဘူးလို့ ကျွန်မတို့ယုံကြည်ပါတယ်၊ ဒီမိုကရေစီကို ခြိမ်းခြောက်ပြီး ကမ္ဘာမှာ အာဏာရှင်စနစ် ချဲ့ထွင်လာတဲ့အခါ၊ ဒီမိုကရေစီတန်ဖိုးတွေကို လက်ကိုင်ထားဖို့ လိုပါတယ်။”လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် ဟောင်ကောင်မှာ ဇွန်လ(၄) ရက်အထိမ်းအမှတ်တွေကို စနစ်တကျ ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီနီ ဘလင်ကန်ကတော့ တီယန်မင်ဖြိုခွင်းမှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှုတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

“ဒီလို ရဲရင့်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မေ့ထားမှာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်အတွက် ရပ်တည်သူတွေကို ဂုဏ်ပြုပြီး အောက်မေ့သတိရနေပါတယ်” လို့ ကြောညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရဟာ ၁၉၈၀ ခုနှစ်နှောင်းပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ကောက်နှုတ်ချက်တွေထုတ်ပြန်ခဲ့တာ ကြာပါပြီ လို့ ပြောဆိုခဲ့ပါတယ်။ 

၂၀၂၂ခုနှစ် ဇွန်လ(၄) ရက်နေ့ဟာ ဘေဂျင်းမြို့လယ်က ရင်ပြင်တဝိုက်မှာ ကျောင်းသားတွေဦး ဆောင်တဲ့ ဒီမိုကရေစီအရေးတောင်း ဆိုဆန္ဒပြတာကို တရုတ်စစ်တပ်က ပစ်ခတ်ဖြိုခွင့်ခဲ့တဲ့ (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.