မွန်ဘိုင်း – ဇွန် (၃) 

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း က ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းမှာ တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့ပါတယ်။ 

မွန်ဘိုင်းမှဦ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပိုင်းအထိ ဖြစ်ပွားမှုနှုန်းဟာ (၇၂၉) ဦးအထိရှိတယ်လို့ အစီရင်ခံထားပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက အစီရင်ခံခဲ့တဲ့ (၃၁၈) ဦးထက် နှစ်ဆလောက် ပိုများလာတာပါ။ 

လက်ရှိမှာတော့ ဆေးရုံတက်ကုသရသူ နည်းပါးနေပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ရောဂါဖြစ်ပွား မှုရဲ့ (၉၆) ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ မပြပဲဖြစ်ပွားတာလို့ ပြည်သူ့ကျန်းမာရေးအဖွဲ့က နေ့စဥ် ကိုဗစ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“ဆေးရုံတက်ကုသရတဲ့ကိန်းဂဏန်းက မြင့်တက်လာခြင်းမရှိပါဘူး။ လူတွေကို အိမ်မှာ သီးသန့် ခွဲထာပြီးနောက် ပြန်ကောင်းလာကြပါတယ်။ စိတ်ပူစရာမလိုပါဘူး”လို့ ပြည်နယ်ကျန်းမာရေး ဝန်ကြီး Rajesh Tope က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

မွန်ဘိုင်းဟာ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ အဆိုးရွားဆုံးကပ်ရောဂါ ကိုဗစ် ဒုတိယလှိုင်းမှာ ထိခိုက်ခံရတဲ့ ပထမဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပေမယ့် အကြပ်အတည်းကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ချီးကျုးခံထားရတာပါ။ 

အိန္ဒိယနိုင်ငမှာ ကိုဗစ်စတင်ချိန်ကစပြီး ကူးစက်ခံရသူ (၄၃) သန်းကျော်ရှိပြီး အဲ့ဒီထဲက သေဆုံးသူ (၅၂၄,၆၄၁) ဦးရှိခဲ့ပါတယ်။ 

Ref : Channel News Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.