ကိုပင်ဟေဂင် – ဇွန် (၂) 

ရုရှားရဲ့ စွမ်းအင်ဝယ်ယူမှုကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ ငြင်းဆိူခဲ့တဲ့အတွက် ဇွန်လ(၁) ရက်နေ့ မှာ ရုရှားက သူတို့ရဲ့ ဓာတ်ငွေ့ပေးပို့မှုကို ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ 

ဖင်လန်၊ပိုလန်နဲ့ ဘူလ်ဂေးရီးယားတို့ကိုလည်း သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ရပ်ဆိုင်း ထားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နယ်သာလန်နိုင်ငံကို တင်သွင်းမှုကိုလည်း ပိတ်ပင်ခဲ့ပါသေး တယ်။ 

ဒိန်းမတ်စွမ်းအင်ကုမ္ပဏီ Orsted က သူတို့ရဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှု ဆက်လက်ပေးနိုင် မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ 

“ရူဘယ်ဖြင့်ပေးချေရန်ငြင်းဆိုမှုတွင် ကျွန်ုပ်တို့အနေဖြင့် အခိုင်အမာရပ်တည်လျက်ရှိပြီး ယခု အခြေအနေအတွက်လည်း ပြင်ဆင်နေပါတယ်၊ အခြေအနေက ပြန်လည်ပြည့် ဖြိုး မြဲစွမ်း အင် ကို အရှိန်မြှင့်ခြင်းအားဖြင့် EU ဟာ ရုရှားဓာတ်ငွေ့ကို အမှီအခိုကင်းစွာ စွမ်းအင် လိုအပ်မှုကို အထောက်အပံဖြစ်စေမှာပါ” လို့ Orsted ကုမ္ပဏီ CEO Mads Nipper က ပြောခဲ့ပါတယ်။  

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေအပြီးမှာ နိုင်ငံပိုင် ဂတ်စ်ပရွန်ဘဏ်မှာ အကောင့်နှစ်ခုဖွင့်ဖို့ လိုအပ်ကြောင်းနဲ့ တစ်ခုဟာ စာချုပ်တွေမှာ သတ်မှတ် ထားတဲ့ ယူရို၊ဒေါ်လာနဲ့ ပေးချေဖို့ ဖြစ်ပြီး တခြားတစ်ခုကို ရူဘယ်နဲ့ ပေးချေဖို့ လိုအပ်တယ်လို့ ကြေညာထားပါတယ်။ 

၂၀၂၂ ခုနှစ်ပထမ(၁၈) ပတ်အတွင်း ရုရှားဓာတ်ငွေ့ပမာဏဟာ EU ဓာတ်ငွေ့သုံးစွဲမှုရဲ့ (၂၅) ရာခိုင်နှုန်းရှိကြောင်း ဒိန်းမတ်စွမ်းအင် အေဂျင်စီက ထုတ်ပြန်ခဲ့ပြီး ဒိန်းမတ်ဟာ ရုရှားရဲ့ ထောက်ပံ့မှု ဆုံးရှုံးသွားရင်လည်း နောက်ဆက်တွဲ အကျိုးဆက်တွေ ချက်ချင်းရှိလာမှာ မဟုတ်ဘူးလို့ ပြောဆို ထားပါတယ်။ 

“ဒိန်းမတ်မှာ ဓာတ်ငွေ့တွေ ရှိနေသေးတယ်၊ ဝယ်သူတွေဆီကိုလည်း ဓာတ်ငွေ့ ပို့နိုင်သေးတယ်၊ ဒါ့အပြင် အခြေအနေတွေ ပိုဆိုးလာရင် ကျွန်တော်တို့မှာ အစီအစဉ်တွေ အဆင်သင့်ရှိပါတယ်” လို့  ဒိန်းမတ် စွမ်းအင်အေဂျင်စီ အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ဒိန်းမတ်နိုင်ငံကို တိုက်ရိုက်သွယ်တန်းထားတဲ့ ပိုက်လိုင်းမရှိတဲ့ အတွက် ဓာတ်ငွေ့ ပေးသွင်းမှု တွေကို တိုက်ရိုက်ဖြတ်တောက်နိုင်မှာ မဟုတ်ကြောင်းနဲ့ ရုရှားရဲ့ လုပ်ရပ်ကြောင့် ဒိန်းမတ်အနေနဲ့ ဥရောပ ဓာတ်ငွေ့စျေးကွက်မှာ ပိုမိုဝယ်ယူရမှာဖြစ်တယ်လို့ Orsted က ပြောဆိုထားပါတယ်။ 

ဒိန်းမတ်နိုင်ငံမှာ အိမ်ခြေ (၃၈၀၀၀၀) ဟာ ဓာတ်ငွေ့ဘွိုင်လာတွေကတဆင့် အပူပေးဖို့အတွက် သဘာဝဓာတ်ငွေ့ကို အသုံးပြုနေရတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒိန်းမတ်ဟာ နှစ်ပေါင်းများစွာ သဘာဝဓာတ်ငွေ့အသားတင် တင်ပို့တဲ့ နိုင်ငံဖြစ်ပေမယ့် မြောက်ပင်လယ်ရှိ သူတို့ရဲ့ တိုင်ရာ ဓာတ်ငွေ့ထုတ်ယူတဲ့ နေရာကို ပြည်လည်မွမ်းမံ နေတဲ့အတွက် နိုင်ငံရဲ့ ဓာတ်ငွေ့သုံးစွဲမှု (၇၅) ရာခိုင်နှုန်းကို ဂျာမနီနိုင်ငံကတဆင့် တင်သွင်းနေရတာပါ။ 

တိုင်ရာဓာတ်ငွေ့ထုတ်ယူတဲ့ နေရာကို လာမယ့် ၂၀၂၃ နှစ်လယ်ပို

င်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

နိုင်ငံ(၂၇) နိုင်ငံအစုအဖွဲ့ဟာ ရေနံစိမ်းရဲ့ (၂၅) ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ (၄၀) ရာခိုင်နှုန်းအ တွက် ရုရှားပေါ်မှီခိုနေရပေမယ့် အင်္ဂါနေ့မှာ ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ လာမယ့် ခြောက်လအတွင်း ရုရှားစွမ်းအင်တင်သွင်းမှုအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့ သဘောတူညီထားကြပါတယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.