ဂျီနိဗာ – ဇွန်(၁) 

အာဖရိကအပြင်ဘက်မှာ ဖြစ်ပွားတဲ့ မျောက်ကျောက်ရောဂါဟာ လက္ခဏာမပြပဲ ကူးစက်ခံရ သူတွေဟာ ရောဂါကူးစက်နိုင်ချေရှိ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပဲ အဲ့ဒီရောဂါဟာ ကပ်ရောဂါအဖြစ်ဦးတည်သွားမှာမဟုတ်ဘူးလို့ W.H.O တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။ 

မျောက်ကျောက်ရောဂါသံသယရှိသူနဲ့ အတည်ပြုလူနာ (၃၀၀) ကျော်ရှိနေတယ်လို့ အတည်ပြု ထားပြီး အများစုဟာ ဥရောပကဖြစ်ကာ တုပ်ကွေးလို လက္ခဏာတွေနဲ့ ထူးခြားတဲ့ အဖုတွေဖြစ် ပြီးအနီးကပ်ထိတွေ့မှုမှ ကူးစက်လေ့ရှိတယ်လို့ အစီရင်ခံစာတွေအရသိရပါတယ်။

W.H.O ဟာ ရောဂါဖြစ်ပွားမှုကို နိုင်ငံတကာမှာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ် နိုင်ချေရှိတဲ့ (PHEIC) အဖြစ်အကဲဖြတ်သင့်သည်ဆိုသည်ကို W.H.O က စဉ်းစားနေပြီး ၎င်းကြေငြာချက်ဟာ ကိုဗစ် နဲ့ အီဘိုလာလို လုပ်ဆောင်ခဲ့တဲ့အတိုင်း ရောဂါထိန်းချုပ်ဖို့အတွက် သုသေသနနဲ့ ရန်ပုံငွေ တွေကို အရှိန်မြှင့် ကူညီပေးဖို့ရှိတယ်လို့ သိရပါတယ်။ 

“ကပ်ရောဂါဖြစ်နိုင်ချေနဲ့ပတ်သက်ပြီ ကျွန်မတို့ မသိပေမယ့် မထင်ထားပါဘူး၊ လောလောဆယ်မှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအတွက် စိတ်မပူပါဘူး” လို့ W.H.O ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ်မှ နည်းပညာပိုင်း ဆိုင်ရာ ဦးဆောင်သူ ဒေါက်တာ ရော်စမန် လူဝစ် က ပြောပါတယ်။ 

မျောက်ကျောက်ရောဂါကူးစက်ပြီးတာနဲ့ အဖုအပိန့်တွေထွက်ပေါ်လာတဲ့ အချိန်နဲ့ အနာဖေးကြွေ ကျတာဟာ ကူးစက်တဲ့ကာလအဖြစ်အသိအမှတ်ပြုထားပေမယ့် ရောဂါလက္ခဏာ မပြတဲ့ လူတွေ ဟာ ဗိုင်းရပ်စ် ပျံ့နှံ့မှုရှိမရှိနဲ့ ပတ်သက်တဲ့ အချက်အလက်တွေမှာ အကန့်အသတ်ရှိတယ်လို့ သူမ ကပြောပါသေးတယ်။ 

ရောဂါဖြစ်ပွားမှုမှာ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံရသူအနည်းငယ်ကို သေဆုံးစေနိုင်တယ် လို့ နားလည်ထားပေမယ့် လက်ရှိအချိန်ထိတော့ သေဆုံးသူမရှိသေးဘူးလို့ သိရပါတယ်။ 

ပုံမှန်မဟုတ်တဲ့ ရောဂါကူးစက်မှု အတိုင်းအတာတစ်ခုအထိရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက သံသယရှိနေပေမယ့် ပုံမှန်မဟုတ်တဲ့ တိုးပွားလာမှုကို ရှင်းပြနိုင်ဖို့ သိပ္ပံပညာ ရှင်တွေက ရှာဖွေနေကြပါတယ်။ 

ရောဂါဖြစ်ပွားမှုအများစုဟာ အလယ်ပိုင်းနဲ့ အနောက်အာဖရိကနိုင်ငံတွေထက် ဥရောပမှာ ကူးစက်မှုပိုမိုကြီးထားလာပြီး အများစုကတော့ ခရီးသွားလာတာနဲ့ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ 

တချို့နိုင်ငံတွေမှာတော့ အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့သူတွေကို ကာကွယ်ဆေးထိုးဖို့ စတင်ကမ်းလှမ်းထားကြပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.