May 2022

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတာနဲ့ပတ်သက်ပြီး မိသားစုက ကုလကိုတိုင်ကြား

နေပြည်တော် – မေ(၂၇) မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး မိသားစုတွေက ကုလစောင့်ကြည့်ရေးကို တိုင်ကြားချက်တစ်ရပ် ပေးပို့ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရကို အာဏာသိမ်းမှုနဲ့ ဖယ်ရှားလိုက်ချိန်ကစပြီး မြန်မာနိုင်ငံမှာ ကသောင်းကနင်း ဖြစ်ခဲ့ရသလို အသက်(၇၆) နှစ်အရွယ်…

အာဏာသိမ်းသူတွေအနေနဲ့ ပြင်းထန်တဲ့ တရားမျှတမှုနဲ့ ရင်ဆိုင်ရမယ်လို့ သက်ဆင်သတိပေး

ဘန်ကောက် – မေ(၂၆) ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက အာဏာသိမ်းတဲ့သူတွေဟာ အနာဂတ်မှာ သေဒဏ်ကျခံရနိုင်ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် လက်တွေ့အခြေအနေနှင့် ပို၍ အဆက်အသွယ်ဖြတ်နေသော အာဏာရှင်တစ်ဦးဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။ “တနေ့ကျရင် ကျနော်တို့ရဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိလာမယ်လို့ ယုံကြည်ပါတယ်။ ဥပဒေမူအရ နောက်ကြောင်းပြန် အပြစ်ပေးတာမျိုး မလုပ်နိုင်ပေမယ့် ဒီအစိုးရဟာ နောက်ကြောင်းပြန် ဥပဒေကို ကျင့်သုံးနေတယ်…

ဝန်ကြီးချုပ်ဟောင်းခမ်းနဲ့ ချီတက်ဆန္ဒပြမှုကို ပါကစ္စတန်အစိုးရတားမြစ်ပိတ်ပင်

အစ္စလာမာဘတ် – မေ(၂၆) ဖြုတ်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရမ်ခမ်း စီစဉ်ထားတဲ့ ချီတက်ဆန္ဒပြပွဲကို ပါကစ္စတန်အစိုးရ က ပြီးခဲ့တဲ့ အင်္ဂါနေ့က တားမြစ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတဝှမ်းက ခမ်း ထောက်ခံသူတွေကို ဖြိုခွင်းမှုတွေအတွင်း ရဲတစ်ဦး ပစ်သတ်ခံလိုက်ရပြီး နာရီပိုင်းအကြာမှာ ပြည်ထဲရေးဝန်ကြီးက အဲ့ဒီတားမြစ်ချက်ကို ကြေညာခဲ့တာပါ။ ခမ်းရဲ့ပါတီ တာဝန်ရှိသူတစ်ဦးရဲ့နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကြည်ရှု ချိန်…

အသက် ၁၈ နှစ်အရွယ်သေနတ်သမား အမေရိကန် တက္ကဆက် မူလတန်းကျောင်းကို ဝင်‌ရောက်ပစ်ခတ်၊ က‌လေးအရွယ် သေဆုံးသူများပြား

တက္ကဆက် – မေ(၂၆) ဆယ်ကျော်သက်အရွယ်သေနတ်သမားတစ်ဦးက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် တောင်ပိုင်းက မူလတန်းကျောင်းကို မေလ(၂၅) ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ကလေး(၁၈) ဦးနဲ့ အရွယ်ရောက်သူတစ်ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး (Greg Abbottt) ဂရိတ်အာဘတ်က သံသယရှိသူ အသက်(၁၈) နှစ်အရွယ် ဆာလာဗာဒ်ရိုမက်စ်ကို အခင်းဖြစ်နေရာမှာ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲအရှာရှိ နှစ်ဦးမှာတော့ မပြင်းထန်တဲ့ဒဏ်ရာ…

လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad အစည်းအဝေးကို ဂျပန်က အိမ်ရှင်အဖြစ် ကျင်းပ

တိုကျို – မေ(၂၅) တရုတ်ရဲ့ ဒေသတွင်း စစ်ရေးနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး သတိထား ဆောင်ရွက်ဖို့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျနဲ့ အမေရိကန် ခေါင်းဆောင်တွေ တိုကျိုမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad လို့ လူသိများတဲ့ အစုအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို အကာအကွယ်ပေးဖို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ဖို့အဆင်သင့်ရှိနေတယ်လို့…

မလေးရှားရဲ့ ကြက်သားပြည်ပတင်ပို့မှုကို ဇွန်လမှာ စတင်ရပ်ဆိုင်းမယ်

ကွာလာလမ်ပူ – မေ(၂၅) မလေးရှားနိုင်ငံရဲ့ တစ်လကို (၃.၆) မီလီယမ်အထိရှိတဲ့ ကြက်သားပြည်ပတင်ပို့မှု အားလုံးကို ဇွန်လ(၁) ရက်နေ့စပြီး စျေးနှုန်းတည်ငြိမ်တဲ့အထိ ရပ်ဆိုင်းထားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် အစ္စမာလီ ဆာဘရီရာကော့ဘ်က ပြောပါတယ်။ ပြည်ပအခြေစိုက်သားသတ်လုပ်ငန်းတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ ကြက်သားထောက်ပံ့ရေး ကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး မွေးမြူရေးကြက်၊ဘဲ တင်သွင်းခွင့် လုပ်ကိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။…

မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလူမျိုးတွေအပါအဝင် လူသေအလောင်းတွေ တွေ့ရှိ

ဘူးသီးတောင် – မေ(၂၅) မြန်မာနိုင်ငံရဲ့ ကမ်းခြေတစ်ခုပေါ်မှာ လူ(၁၄) ဦးရဲ့ ရုပ်အလောင်းတွေသောင်တင်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက AFP သတင်းဌာနကို မေလ(၂၄) ရက်နေ့က ပြောခဲ့ပြီး သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာကလေးငယ်တွေပါဝင်နေတယ်လို့ UNHCR က ပြောပါတယ်။ UNHCR ရဲ့ ပြောဆိုချက်ထဲမှာ အနည်းဆုံးလူ(၁၇) ဦး လှေမှောက်ပြီး နောက်မှာ အသက်ဘေးကြုံတွေ့ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ ကယ်ဆယ်ရးအဖွဲ့တစ်ခုကတော့ အဲ့ဒီလှေဟာ…