-caption-

ဖနွမ်းပင် – မေ(၂၈) 

ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်က သူ့ရဲ့အကြီးဆုံးသားဖြစ်သူကို အာဏာလွှဲပြောင်းမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပြီး တရုတ်နိုင်ငံအပေါ်အလွန်အမင်းမှီခိုနေရတာနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကိုလည်း ငြင်းဆန်ပယ်ချလိုက်ပါတယ်။ 

တိုင်းပြည်အာဏာကို (၃၇) နှစ်ကြာ ရယူထားတဲ့ အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်ဟာ သူ့ရဲ့အကြီးဆုံးသားဖြစ်တဲ့ အသက်(၄၄) နှစ်အရွယ်စစ်တပ်အကြီးအကဲတာဝန်ထမ်းဆောင်နေ သူကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အာဏာလွှဲပြောင်းဖို့ ကြေငြာထားတာပါ။ 

ကမ္ဘောဒီယားအာဏာရပါတီက ဟွန်ဆန်ကို ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအဖြစ်ရွေးချယ်ထားခဲ့ပြီး ဝန်ကြီးချုပ်ကိုယ်စားလှယ်အဖြစ် တင်သွင်းဖို့ စီစဉ်ထားပါ တယ်။ 

Nikkei Asia သတင်းဌာနရဲ့ မေမြန်းချက်ကို မစ္စတာဟွန်ဆန်က ပြန်လည်ဖြေဆိုတာကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ငြင်းဆိုထားပြီး နိုင်ငံ့အကူးအပြောင်းဟာ ကမ္ဘောဒီးယားရဲ့ စစ်မှန် တဲ့အခြေအနေအပေါ်မှာသာ မူတည်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် မစ္စတာဟွန်ဆန်ဟာ သူ့ရဲ့ သူ(၃) ဦးစလုံးဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင် တယ်လို့ ပြောပါသေးတယ်။ 

ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံက ချေးငွေတွေကြောင့် အကြွေးထောင်ချောက်အတွင်း ကျရောက်နိုင်မယ့် အန္တရာယ်ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဟွန်ဆန်က ငြင်းဆိုထားပါတယ်။ 

“ကျွန်ုပ်တို့ဆက်ပြီးချေးသွားဖို့ရှိတယ်ဒါပေမယ့်ကျွန်ုပ်တို့ရဲ့အခြေအနေတစ်ခုတည်းကိုသာကြည့်ပြီး တော့ ချေးမှာမဟုတ်ဘူး” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။ 

လက်ရှိအချိန်မှာတော့ ကမ္ဘောဒီးယားဟာ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ (၂၃) ရာခိုင်နှုန်းကိုသာ ချေးယူထားပြီး ဥပဒေကြောင်းအရဆိုရင် အမြင့်ဆုံး ချေးယူနိုင်တဲ့ ပမာဏ မှာ GDP ရဲ့ (၄၀) ရာခိုင်နှုန်းဖြစ်တယ်လို့ မစ္စတာဟွန်ဆန်က ပြောခဲ့ပါတယ်။ 

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.