ဘန်ကောက် – မေ(၂၆) 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက အာဏာသိမ်းတဲ့သူတွေဟာ အနာဂတ်မှာ သေဒဏ်ကျခံရနိုင်ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် လက်တွေ့အခြေအနေနှင့် ပို၍ အဆက်အသွယ်ဖြတ်နေသော အာဏာရှင်တစ်ဦးဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။ 

“တနေ့ကျရင် ကျနော်တို့ရဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိလာမယ်လို့ ယုံကြည်ပါတယ်။ ဥပဒေမူအရ နောက်ကြောင်းပြန် အပြစ်ပေးတာမျိုး မလုပ်နိုင်ပေမယ့် ဒီအစိုးရဟာ နောက်ကြောင်းပြန် ဥပဒေကို ကျင့်သုံးနေတယ် ဆိုတော့ အာဏာသိမ်းသူတိုင်း သေဒဏ်ကျခံရမယ့်အကြောင်း သတိပေးချင်ပါတယ်” ဟု သက်ဆင်က အင်္ဂါနေ့ညက Clubhouse အစည်းအဝေးတစ်ခုမှာ ပြောခဲ့တာပါ။  

၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် ညီမဖြစ်သူ ယင်လပ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဖြစ်ရပ်ရဲ့ နှစ်ပတ်လည် နေ့ရက်အပြီး နှစ်ရက်အကြာမှာ သူရဲ့ မှတ်ချက်များ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

သက်ဆင်ကို သူ့အပေါ် ချမှတ်ခဲ့သည့် အကျင့်ပျက်ခြစားမှုနှင့် တော်ဝင်နန်းတော်အား စော်ကားမှု စွဲချက်များ အပါအဝင်၂၀၀၆ ခုနှစ် သီးခြားစစ်တပ်က အာဏာသိမ်းပြီးနောက် စွဲချက်မျိုးစုံဖြင့် အလိုရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၀၈ ခုနှစ်မှာ နယ်နှင်ဒဏ်အပေးခံခဲ့ရပြီး သူရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်မှုများနှင့် တရားဥပဒေဆိုင်ရာ အကျိုးဆက်များကို ကြောက်ရွံ့နေခဲ့ရတာ ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ်မှာ သက်ဆင်သည် ၎င်းရဲ့ ဇနီးသည်အား နိုင်ငံတော် အေဂျင်စီတစ်ခုမှ မြေယာများကို လျှော့ဈေးဖြင့် ဝယ်ယူရန် ကူညီပေးခဲ့သောကြောင့် ချစားမြေယာ စွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၀၃ ခုနှစ်မှာ စတင်ခဲ့သော နိုင်ငံပိုင်ထီအစီအစဥ်ကို အလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၉ ခုနှစ်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၄ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပို့ကုန်-သွင်းကုန်ဘဏ်အား အငြင်းပွားဖွယ် ချေးငွေပြဿနာဖြင့် နောက်ထပ် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

၎င်းသည် နိုင်ငံတော်ရဲ့ ဖုန်းနှုန်းထားအခ လျှော့ပေါ့ခွင့်ပြုသော တရားမဝင် ရှယ်ယာများ ကိုင်ဆောင်ထားမှု စွပ်စွဲချက်များနှင့်လည်း ရင်ဆိုင်နေရပြီး ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ 

သက်ဆင်အား ဝေဖန်သူများက ၎င်းရဲ့သမီးဖြစ်သူ ပက်တွန်တန် ရှင်နာဝပ်ထရာအား လာမည့် အထွေထွေရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီဖြစ်သည့် ဖြူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေတယ်လို့ ဆိုကြပါတယ်။ 

ဘန်ကောက်တွင် နောက်ဆုံးကျင်းပသော မြို့တော်ဝန် ရွေးကောက်ပွဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း ချာချက် နှင့် Pheu Thai တို့ရဲ့ အောင်မြင်မှုကြောင့် ခေါင်းဆောင်မှုကို ခြိမ်းချောက်ခြင်းမပြုရန် ပရာယွတ်ရဲ့ တုံ့ပြန်မှုကိုလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဖြူထိုင်းပါတီဟာ ဘန်ကောက်ကောင်စီရဲ့ အမတ်နေရာ ၅၀ နေရာမှာ ၁၉ နေရာ အနိုင်ရခဲ့ပြီး လက်ရှိအာဏာရ ပါလန်းပရာချာရတ်ပါတီက ၂ နေရာသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Ref: Thai Enguirer 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.