တက္ကဆက် – မေ(၂၆) 

ဆယ်ကျော်သက်အရွယ်သေနတ်သမားတစ်ဦးက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် တောင်ပိုင်းက မူလတန်းကျောင်းကို မေလ(၂၅) ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ကလေး(၁၈) ဦးနဲ့ အရွယ်ရောက်သူတစ်ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး (Greg Abbottt) ဂရိတ်အာဘတ်က သံသယရှိသူ အသက်(၁၈) နှစ်အရွယ် ဆာလာဗာဒ်ရိုမက်စ်ကို အခင်းဖြစ်နေရာမှာ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲအရှာရှိ နှစ်ဦးမှာတော့ မပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

အဲ့ဒီဖြစ်စဉ်ကြောင့် သေဆုံးသူ ကလေးငယ်(၁၈) ဦး ပစ်ခတ်သူ (၁) ဦးနဲ့ အရွယ်ရောက်သူ (၁) ဦးပါသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

ပစ်ခတ်ခံရတဲ့ ကျောင်းဟာ အသက်(၇) နှစ်ကနေ (၁၀) နှစ်အရွယ်အထိ ကလေးငယ်တွေတက် ရောက်နေတာဖြစ်တယ်လို့ သိရပြီး ဒီအခုလိုက်အပြုံလိုက်ပစ်သတ်ခံရတဲ့ အကြောင်းရင်းကို စုံစမ်း နေတယ်လို့ သိရပါတယ်။ 

သံသယရှိသူဟာ ပစ်ခတ်မှုမဖြစ်ခင် ကျောင်းဝင်းထဲကို ပစ္စတိုသေနတ်နဲ့ ရိုင်ဖယ် တစ်လက်ကို ကိုင်ဆောင်ဝင်ရောက် ခဲ့တာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးအာဘတ်က ပြောပါတယ်။ 

တက္ကဆက်ပြည်နယ် လူထုလုံခြုံရေးဦးစီဌာနရဲ့ မှတ်တမ်းတွေအရ သံသယရှိသူဟာ စာသင်ကျောင်း အနီးက ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ကားတစ်စီးထဲက ထွက်လာခဲ့ပြီး ကျောင်းရဲ့ တောင်ဘက်ကို မဝင်ရောက်ခင် မေးမြန်းစစ်ဆေးခဲ့ပြီး အဲ့ဒီနေရာမှာ စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပြီး သေနတ်သမားဟာ ကျည်ကာအင်္ကျီဝတ်ထားတယ်လို့ သိရပါတယ်။ 

စာသင်ကျောင်းကို ပစ်ခတ်ခင်မှာ သေနတ်သမားဟာ သူ့ရဲ့ အဖွားဖြစ်သူကိုလည်း ပစ်သတ်ခဲ့ သေးတယ်လို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး စုံစမ်းစစ်ဆေးသူတွေက CBS သတင်းဌာန ကို ပြောပါတယ်။ 

“သူကျောင်းကို မ‌ရောက်ခင်မှာ သူ့အဖွားဖြစ်သူကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တစ်ခု အစီရင်ခံလာတယ်။ ဒီပစ်ခတ်မှု နှစ်ခု အကြား ဘယ်လို ဆက်စပ်မှုရှိတာနဲ့ ပတ်သက်လို့တော့ ကျွန်ုပ်ဆီ သတင်းအချက်အလက်တွေ မရှိသေးပါဘူး/အများကြီး မသိထားသေးပါဘူး” လို့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရိတ်အာဘတ်က ပြောပါတယ်။ 

တက္ကဆက်ပြည်နယ် ဆန်အန်အိုနီအို တက္ကသိုလ်ဆေးရုံရဲ့ တွစ်တာမှာ(အ)ယူဘောလစ်မှ အသက် (၆၆) နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက်(၁၀) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတို့ကို ပြင်းထန်ဒဏ်ရာတွေနဲ့ လက်ခံရရှိထားတယ်လို့ ရေးသားထားပါတယ်။ 

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ သမ္မတဂျိုးဘိုင်ဒန်ဟာ အဲ့ဒီအဖြစ်ဆိုးအတွက် မေလ(၂၈) ရက်နေ့ နေဝင်ချိန်အထိ အလံတစ်ဝက်လွှင့်တင်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး ပစ်ခတ်မှုနဲ့ ပတ်သက် ပြီး လာမယ့် အင်္ဂါနေ့ ညနေပိုင်းမှာ အမေရိကန်နိုင်ငံကို မန့်ခွန်းပြောကြားသွားဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.