အစ္စလာမာဘတ် – မေ(၂၆)

ဖြုတ်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရမ်ခမ်း စီစဉ်ထားတဲ့ ချီတက်ဆန္ဒပြပွဲကို ပါကစ္စတန်အစိုးရ က ပြီးခဲ့တဲ့ အင်္ဂါနေ့က တားမြစ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

နိုင်ငံတဝှမ်းက ခမ်း ထောက်ခံသူတွေကို ဖြိုခွင်းမှုတွေအတွင်း ရဲတစ်ဦး ပစ်သတ်ခံလိုက်ရပြီး နာရီပိုင်းအကြာမှာ ပြည်ထဲရေးဝန်ကြီးက အဲ့ဒီတားမြစ်ချက်ကို ကြေညာခဲ့တာပါ။ 

ခမ်းရဲ့ပါတီ တာဝန်ရှိသူတစ်ဦးရဲ့နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကြည်ရှု ချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပြီး ကျူးလွန်သူနဲ့ သူရဲ့ ဖခင်ဖြစ်သူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

“မြို့တော်ကို ဝိုင်းရံပြီး သူ့တောင်းဆိုချက်တွေကို အမိန့်ပေးဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာမဟုတ်ဘူး” လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

ဝန်ကြီးချုပ်ဟောင်းခမ်းနဲ့ သူ့ရဲ့ ဘက်တော်သားတွေကို သွေးထွက်သံယို ချီတက်ပွဲ လို့ ခေါ်ကြတဲ့ တိုင်းပြည်ကို လေးလကျော် တုန်လှုပ်စေခဲ့တဲ့ ၂၀၁၄ ခုနှစ်က လို ဝင်ရောက်စီး နင်းမှုမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက ပြောပါသေးတယ်။ 

၂၀၁၃ ခုနှစ်ရွေးကောက်ပွဲမှာ မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခမ်း ဟာ သူ့ကို ထောက်ခံတဲ့ လူထောင်ပေါင်းများစွာကို စုရုံးပြီး ရဲတွေကို တိုက်ခိုက်ကာ ပါလီမန်နဲ့ ဝန်ကြီးချုပ်အိမ်ကို ဝင်ရောက်စီးနင်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ 

မြို့တော် အစ္စလာမာဘတ်မှာ အရေးကြီးတဲ့ တပ်ဆင်မှုတွေလုပ်ဆောင်နေပြီး ဦးတည်သွားနိုင်မယ့် လမ်းတွေပိတ်ဆို့ဖို့ လုပ်ဆောင်နေသလို ရဲတပ်ဖွဲ့နဲ့ အရန်ရဲတပ်ဖွဲ့ဝင်တွေကို လည်းဖြန့်ကျက်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း ခမ်း က သူ့ကိုထောက်ခံတဲ့ သူတွေကို အစ္စလာမာဘက်ကို ချီတက်ဖို့ တိုက်တွန်းထားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ တားဆီးခွင့်မရှိတဲ့ သူတို့ရဲ့ အခွင့် အရေးဖြစ် တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ပါကစ္စတန်နိုင်ငံမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁၀.၃ ဘီလီယံအထိ ကျဆင်းသွားပြီး ပါကစ္စတန် ရူပီး တန်ဖိုးလျော့ကျလာတာနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ် မှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်လာတာပါ။ 

လက်ရှိဝန်ကြီးချုပ် ရှီဘတ်စ်ရှာရစ်ဟာ စီးပွားရေးပုံမှန် လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိ ဖို့ ခြေလှမ်းစတင်မလုပ်ဆောင်ရသေးပဲ ဒိုဟာမှာ အစိုးရနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့သဘောတူထားတဲ့ ဒေါ်လာ(၆) ဘီလီယံ ကုစားရေးအစီအစဉ်ကို ပြန်လည် စတင်ဖို့ အတွက်  ဆွေးနွေးမှုတွေပြုလုပ်နေပြီး ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.