တိုကျို – မေ(၂၅) 

တရုတ်ရဲ့ ဒေသတွင်း စစ်ရေးနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး သတိထား ဆောင်ရွက်ဖို့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျနဲ့ အမေရိကန် ခေါင်းဆောင်တွေ တိုကျိုမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad လို့ လူသိများတဲ့ အစုအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို အကာအကွယ်ပေးဖို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ဖို့အဆင်သင့်ရှိနေတယ်လို့ ပြောဆိုခဲ့ ပြီး တရုတ်နိုင်ငံကတော့ အခုလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး မီးနဲ့ကစားတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ 

“ဒါက ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်တွေအကြောင်းဖြစ်ပြီး ငါတို့သေချာအောင် လုပ်ရမှာပေါ့” လို့ Quad ထိပ်သီးအစည်းအဝေး စတင်ချိန်မှာ ဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

ဒေသတွင်း ကာကွယ်ရေးနဲ့ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှု ခြေလှမ်းများ၊ရေတပ်လေ့ကျင့်မှုများ အပါအဝင်ငါးဖမ်းသင်္ဘောများရဲ့ ပိုင်နက်ကျူးလွန်မှုတွေကြောင့် ဒေသတွင်း အဆင်မပြေမှု တွေပိုမိုတိုးပွားလာနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက ဘေဂျင်းနဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေးသဘောတူညီချက်ဟာ ဆော်လမွန်ကျွန်းများ အပါအဝင် ပစိဖိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုမှာ စိုးရိမ်ဖွယ် ရာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ခေါင်းဆောင်တွေက ပြောကြပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီသီတင်းပတ်အတွင်း ဆော်လမွန်ကျွန်းစုတွေကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ဗာနူအာတူ၊ဆာမိုအာ၊တွန်ဂါနဲ့ ကီရီဘာတီတို့ အပါအဝင် တခြားနိုင်ငံတွေကိုလည်း သွားရောက်နိုင်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ 

“သူတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကူညီဖြေရှင်းရန်” အပါအဝင် ဒေသတွင်း အိမ်နီးချင်းများအရေးကိစ္စတွေကို ဂရုတစိုက်နားထောင်ပေးဖို့လိုအပ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောခဲ့ပါတယ်။ 

ဒါ့အပြင်ဒေသတွင်းနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆာင်ရွက်တာမရှိရင် Quad ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သူကပြောပါသေးတယ်။

သြစတြေးလျ၏ ၀န်ကြီးချုပ်အသစ် အန်တိုနီ အယ်ဘန်နီးစ် ကလည်း “ကျွန်ုပ်တို့၏ ကာကွယ်ရေးနှင့် ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု” ကိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ဖို့ အကူအညီတွေအပါအဝင် ပစိဖိတ်နိုင်ငံတွေအတွက် အထောက်အပံတွေပိုမိုပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။ 

Quad နိုင်ငံတွေဟာ ဒေသတွင်းရေကြောင်းသွားလာမှုတွေကို စောင့်ကြည့်ဖို့ သဘာတူညီချက် တရပ်ကို ဒီတကြိမ်တွေ့ဆုံပွဲမှာ သဘောတူညီဖွယ်ရှိနေပြီး နိုင်ငံတွေရဲ့ ရေပိုင်နက်နဲ့ သီးသန့် စီးပွားရေးဇုန်တွေမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး စတင်လုပ်ဆောင်ဖို့ ရှိတယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။ 

အိန္ဒိယနိုင်ငံဟာ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရှုတ်ချတာမရှိတဲ့ တစ်ခုတည်းသော Quad အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ 

Quad ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဘိုင်ဒင်၊ကီရှီဒါ၊အယ်ဘန်းနီးမ်နဲ့ မိုဒီတို့ဟာ ပြည်သူတွေရှေ့ မှာ စည်းလုံးညီညွတ်မှုကို ဖော်ပြဖို့ လုပ်ဆောင်နေကြပေမယ့် နောက်ကွယ်မှာ ကွဲပြားမှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.