ကွာလာလမ်ပူ – မေ(၂၅)

မလေးရှားနိုင်ငံရဲ့ တစ်လကို (၃.၆) မီလီယမ်အထိရှိတဲ့ ကြက်သားပြည်ပတင်ပို့မှု အားလုံးကို ဇွန်လ(၁) ရက်နေ့စပြီး  စျေးနှုန်းတည်ငြိမ်တဲ့အထိ ရပ်ဆိုင်းထားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် အစ္စမာလီ ဆာဘရီရာကော့ဘ်က ပြောပါတယ်။ 

ပြည်ပအခြေစိုက်သားသတ်လုပ်ငန်းတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ ကြက်သားထောက်ပံ့ရေး ကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး မွေးမြူရေးကြက်၊ဘဲ တင်သွင်းခွင့် လုပ်ကိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ် အစ္စမာလီ ၏ ထုတ်ပြန်ချက်တစ်ရပ်မှာ အစိုးရဟာ ကြက်သားထောက်ပံ့ရေး ပြဿနာနဲ့ လူထုအပေါ်ထိခိုက်စနိုင်တဲ့ စျေးနှုန်းမြင့်မားမှုကို စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။ 

မလေးရှားမှာ ကြကက်သားသိုလှောင်မှုပြတ်လပ်တာနဲ့အတူ စျေးနှုန်းမြင့်လာတဲ့အတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

စိုက်ပျိုးရေးနဲ့အစားအစာစက်မှုလုပ်ငန်းဦးစီးဌာနတိမွေးကုဝန်ဆောင်မှု အချက်အလက်တွေ အရမလေးရှားနိုင်ငံဟာ ၂၀၂၀ ခုနှစ်အတွင်း ကြက်(အရှင်) အကောင်ရေ (၄၉) မီလီယမ်နဲ့ ကြက်သားနဲ့ ဘဲသားတန်ချိန် (၄၂.၃) တန်ကို ပြည်ပနိုင်ငံတွေကို ပို့ထားနိုင်တယ်လို့ သိရပါတယ်။ 

“အစိုးရအနေဖြင့် လက်ဝါးကြီးအုပ် ကုန်သည်များမှ ကြက်သား ဈေးနှုန်းနှင့် ထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်ရန် ကြိုးစားနေခဲ့သည်ဟူသော အစီရင်ခံမှုများကို သိရှိထား သည်” လို့ မလေးရှားဝန်ကြီးချုပ် အစ္စမာလီက ပြောခဲ့ပါတယ်။ 

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက ထောက်ပံ့ငွေတောင်းခံတဲ့ဖြစ်စဉ်အတွင်း မတင်ပို့ရသေး တဲ့ ကြားခံကုန်စည်လက်ကျန်တွေကို အေးခဲသိုလှောင်ခန်းအဆောက်အအုံတွေမှာ သိုလှောင်ထား မှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

မလေးရှားနိုင်ငံစျေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင် MyCC က ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေပြီး ဇွန်လအကုန်ပိုင်းမှာ အထောက်အထားတစ်ရပ်ပေါ်ထွက်လာနိုင်မယ်လို့ လည်း မျှော်လင့်ထား တ​ယ်လို့ သိရပါတယ်။ 

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မွေးမြူရေးကြက်ရှားပါး မှု နဲ့အတူ စျေးနှုန်းကြီးမြင့်မှုကို ဆွေးနွေးဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကြက်သားတစ်ကီလိုကို လက္ကာစျေး (၁၃) ရင်းဂစ်အထိ ရှိခဲ့ပေမယ့် အစိုးရကတော့ ကြက်သားတစ်ကီလိုကို အမြင့်ဆုံး စျေး (၈.၉၀) ရင်းဂစ်အထိ သာရောင်းဖို့ တရားဝင်သတ်မှတ်ထားပါတယ်။

Ref: The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.