May 25, 2022

လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad အစည်းအဝေးကို ဂျပန်က အိမ်ရှင်အဖြစ် ကျင်းပ

တိုကျို – မေ(၂၅) တရုတ်ရဲ့ ဒေသတွင်း စစ်ရေးနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး သတိထား ဆောင်ရွက်ဖို့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျနဲ့ အမေရိကန် ခေါင်းဆောင်တွေ တိုကျိုမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad လို့ လူသိများတဲ့ အစုအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို အကာအကွယ်ပေးဖို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ဖို့အဆင်သင့်ရှိနေတယ်လို့…

မလေးရှားရဲ့ ကြက်သားပြည်ပတင်ပို့မှုကို ဇွန်လမှာ စတင်ရပ်ဆိုင်းမယ်

ကွာလာလမ်ပူ – မေ(၂၅) မလေးရှားနိုင်ငံရဲ့ တစ်လကို (၃.၆) မီလီယမ်အထိရှိတဲ့ ကြက်သားပြည်ပတင်ပို့မှု အားလုံးကို ဇွန်လ(၁) ရက်နေ့စပြီး စျေးနှုန်းတည်ငြိမ်တဲ့အထိ ရပ်ဆိုင်းထားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် အစ္စမာလီ ဆာဘရီရာကော့ဘ်က ပြောပါတယ်။ ပြည်ပအခြေစိုက်သားသတ်လုပ်ငန်းတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ ကြက်သားထောက်ပံ့ရေး ကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး မွေးမြူရေးကြက်၊ဘဲ တင်သွင်းခွင့် လုပ်ကိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။…

မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလူမျိုးတွေအပါအဝင် လူသေအလောင်းတွေ တွေ့ရှိ

ဘူးသီးတောင် – မေ(၂၅) မြန်မာနိုင်ငံရဲ့ ကမ်းခြေတစ်ခုပေါ်မှာ လူ(၁၄) ဦးရဲ့ ရုပ်အလောင်းတွေသောင်တင်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက AFP သတင်းဌာနကို မေလ(၂၄) ရက်နေ့က ပြောခဲ့ပြီး သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာကလေးငယ်တွေပါဝင်နေတယ်လို့ UNHCR က ပြောပါတယ်။ UNHCR ရဲ့ ပြောဆိုချက်ထဲမှာ အနည်းဆုံးလူ(၁၇) ဦး လှေမှောက်ပြီး နောက်မှာ အသက်ဘေးကြုံတွေ့ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ ကယ်ဆယ်ရးအဖွဲ့တစ်ခုကတော့ အဲ့ဒီလှေဟာ…