ဘန်ကောက် – မေ(၂၄) 

ထိုင်းအစိုးရအဖွဲ့ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဖီယူထိုင်းပါတီနဲ့ အနီးကပ်ဆက်ဆံရေးရှိသူ ထိုင်းအာဏာရပါတီ PRPR ရှေးရိုးစွဲအစုအဖွဲ့က ကိုယ်စားလှယ်လောင်း ကို အချိန်(၉) နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့ပြီး ဘန်ကောက်ခရိုင်ဒေသန္တရ ရွေးကောက်ပွဲ ကိုအနိုင်ယူခဲ့ပါတယ်။ 

ဒီရွေးကောက်ပွဲဟာ နောက်နှစ်အစောပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ PRPR ပါတီအတွက် အခွင့်အရေးလက်လွှတ်ရမယ့် အခြေအနေထိ ဖြစ်သွား နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ တည်ထောင်ထားတဲ့ ဖီယူထိုင်းပါတီနဲ့ ကာလရှည် လက်တွဲထားတဲ့ အသက်(၅၅) နှစ်အရွယ်မြို့ပြအင်ဂျင်နီယာ ချတ်ချာဟာ ဘန်ကောက်ခရိုင်ခွဲ (၅၀) မှ စုစုပေါင်းမဲအရည်အတွက် (၄.၄၈) မီလီယမ်မှာ (၁.၃) မီလီယမ် (၃၀) ရာခိုင်နှုန်း အထိ ရရှိခဲ့ပြီး ထိုင်းနိုင်ငံမြို့တော်ရဲ့ ပဲ့ကိုင်နေရာရရှိခဲ့တာပါ။ 

“ကျွန်ုပ်ကို မဲပေးတဲ့သူတွေအတွက်သာမက မဲမပေးတဲ့ သူတွေအတွက်ကိုလည်း အလုပ်လုပ် သွားမှာပါ” လို့ အနိုင်ငံဘန်ကောက်မြို့တော်ဝန် ချတ်ချာ က ပြောခဲ့ပါတယ်။ 

လွတ်လပ်သော ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချတ်ချာဟာ ဝန်ကြီးချုပ် ပရရွတ် ချန်အိုချာနဲ့ အတိုက်အခံအစုအဖွဲ့ဖြစ်တဲ့ ဖီယူထိုင်းပါတီ၊ ရှင်နာဝါထရာ မိသားစုနဲ့ ဆက်ဆံရရေး ကြောင့်ဝေဖန်ခံနေရပြီး ဘန်ကောက်မြို့တော်ဝန်ရွေးကောက်ပွဲဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်က စပြီးမကျင်းပနိုင်ခဲ့တာ အခုပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ မစ္စတာ ချတ်ချာဟာ ဖီယူထိုင်းဦးဆောင်တဲ့ ရင်လတ်အစိုးရအဖွဲ့မှာ ပို့ဆောင်ရေး ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ 

နိုင်ငံရေးလေ့လာစောင့်ကြည်သူတွေက မဲဆန္ဒပေးသူတွေအနေနဲ့ အတိုက်အခံကိုယ်စားလှယ် လောင်းတွေကိုသာ ရွေးချယ်ဖို့ ဆန္ဒရှိနေကြတယ်လို့ ပြောဆိုထားကြပါတယ်။ 

“လက်ရှိအစိုးရအပေါ်လူတွေစိတ်ပန်းလူပန်းဖြစ်နေကြပြီဆိုတဲ့ ရှင်းလင်းတဲ့ အချက်ပေးမှု တစ်ခု ကို လူထုက ပေးပို့လိုက်တာဖြစ်တယ်။ ပြီးတော့ဒါဟာ နောက်နှစ်ရွေးကောက်ပွဲရဲ့ သဏ္ဍာန်ကို လည်း ပုံဖော်လိုက်သလိုဖြစ်သွားနိုင်ပါတယ်” လို့ ဆူကိုထိုင်း သမာသီရက် တက္ကသိုလ်မှ ယူတဖွန် အစ္စရာချိုင် က Nikkei Asia သတင်းဌာနကို ပြောခဲ့ပါတယ်။

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.