ပေကျင်း – မေ(၂၄) 

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲဟာ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ ရှန်ကျန်း ဒေသ ကိုအလည်အပတ်သွားရောက်မယ့် ခြောက်ရက်ကြာခရီးစဉ်ရှိနေတဲ့အတွက် သူဝင်ရောက်လာမှု နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေသလို တရုတ်ကွ်နမြူနစ်ပါတီရဲ့ ခရီးစဉ်ကမ်းလှမ်းမှုအတွက် ကောလဟာလတွေရှိနေပါတယ်။ 

မီချယ်ဘာချယ်လက်ရဲ့ ခရီးစဉ်ဟာ ဆယ်စုနှစ်(၂) ခုနီးပါးအတွင်းကုလသမဂ္ဂရဲ့ ထိပ်တန်းလူ့ အခွင့်အရေးအရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အနောက်ဘက်စွန်း ရှန်ကျန်းမှာ မွတ်ဆလင်တွေအပေါ်ဖိနှိပ်မှုတွေရှိနေတယ်လို့ တရုတ်အစိုးရကို စွပ်စွဲမှု တွေရှိနေချိန်မှာ ဒီခရီးစဉ်ထွက်ပေါ်လာတာပါ။ 

တရုတ်ကွန်မြူနစ်ပါတီက ဝီဂါနဲ့ တခြားမွတ်ဆလင်လူနည်းစု (၁) သန်းကျော်ကို နှစ်ရှည်လများ လုံခြုံရေးဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ထိန်းသိမ်းထားတာဖြစ်ပြီး အမေရိကန်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု လို့ စွပ်စွဲထားပါတယ်။ 

အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို တရုတ်ကငြင်းဆိုထားပြီး “ရာစုနှစ်ချီလိမ်ညာမှု” လို့ တုံ့ပြန်ထား ပါတယ်။ 

ဘာချယ်လက်ဟာ တရုတ်နိုင်ငံက သံတမန် အကြီးအကဲတွေနဲ့ တနင်္လာနေ့မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ ပေကျင်းက သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့ပြီး ရှန်ကျန်းမြို့ နဲ့ တောင်ပိုင်းမြို့တွေကို ခရီးထွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရှင်ကျန်းကို အနှောင်အဖွဲ့မရှိပဲ ဝင်ရောက်ခွင့်ရရှိဖို့ ၂၀၁၈ ခုနှစ်တည်းက ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရတို့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

“ရှင်ကျန်း ရှိ လူ့အခွင့်အရေး ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု လိုအပ်သော ဝင်ရောက်ခွင့်ကို တရုတ်မှ ပေးအပ်မည်ကို ကျွန်ုပ်တို့ မမျှော်လင့်ပါဘူး” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူ နတ်ခ်ပရိုက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဘာချယ်လက်ကို သူမ တွေ့မြင်နေတဲ့ အရာတွေက အာမခံချက်မရရှိတဲ့အတွက်  အလေးအနက် စိုးရိမ်မိတယ်လို့ သူ့ခရီးစဉ်မတိုင်မှီ အမေရိကန်ပြည်ထောင်စုက ဝေဖန်ထားပါတယ်။ 

သူမရဲ့ ခရီးစဉ်ဟာ အမှတ်တရားကို တရုတ်အစိုးရရဲ့ ဖုံးကွယ်ဖို့ ကြိုးပမ်းအားထုတ်မှုကို ဆန့်ကျင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်တယ်လို့  အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးက ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံပိုင်မီဒီယာတွေကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဘာချယ်လက် ရဲ့ ခရီးစဉ်အကြောင်းကို သတင်းထုတ်ဖော်မှု မရှိသလောက်ဖြစ်နေပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.