ကန်ဘာရာ – မေ(၂၃)

ဩစတေးလျ ရွေးကောက်ပွဲမှာ အန်တိုနီအယ်လ်ဘန်နိစ့်ကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတွက်ဂုဏ်ပြုခဲ့ကြပြီး နှစ်ဘက်သဘောတူညီမှု စာချုပ်အရ ပြီးမြောက်အောင် ဆောင်ရွက် ရမယ့် အရာတွေကျန်ရှိနေသေးပြီး ပစိဖိတ်ကျွန်းစု အိမ်နီးချင်းဖြစ်တဲ့ ဖီဂျီကလည်း အနိုင်ရ ပါတီရဲ့ မူဝါဒတွေကို ကြိုဆိုခဲ့ပါတယ်။ 

မဲရေတွက်မှုတွေဆက်လက်ဆောင်ရွက်နေပေမယ့် (၃၁) ဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာမယ့် မစ္စတာ အယ်လယ်ဘန်နိစ့်ဟာ ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်(၄) ဦးနဲ့အတူ တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနဲ့ လုံခြုံရေး ပဋိဉာဏ်တစ်ရပ်လက်မှတ်ရေးထိုးခဲ့တာဟာ သက်တမ်းကုန် ဝန်ကြီးချုပ်ဟောင်း စကောမော်ရစ်ဆန်အတွက်အဓိကရွေးကောက်ပွဲပြဿနာဖြစ်ခဲ့ပြီး အနောက်မဟာမိတ်တွေဟာလည်း ပစိဖိတ်ဒေသတွင်းတရုတ်ရဲ့ စစ်ရေးဆိုင်ရာ တာဝန်ချထားနိုင်ဖို့ ဝင်ပေါက်တစ်ခုဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ 

ဒီအပါတ်ထဲမှာ တရုတ်ဝန်ကြီးချုပ်ဝန်ရီ ဩစတြေးလျကို လာရောက်လည်ပတ်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက အစီရင်ခံထားခဲ့ပေမယ့် ရိုက်တာသတင်းဌာနက ဝန်ကြီးချုပ် မာနာဆာ ဆိုဂါဗ်ေ့ရုံးကို ဆက်သွယ်ခဲ့ပေမယ့် အတည်ပြုတာတော့မရှိခဲ့ပါဘူး။

ဆော်လမွန်ကျွန်းစုနိုင်ငံတွေဟာ  ဩစတြေးလျရဲ့  ဘဏ္ဍာရေး၊ ဆေးဝါးနဲ့ လုံခြုံရေးအထောက် အပံ့ တွေကို နှစ်ပေါင်းများစွာ ရရှိလာခဲ့တဲ့အတွက် ကျေးဇူးတင်ပြီး “ဆက်လက်ပြီး လုပ်ဆောင်ဖို့တွေ ကျန်ရှိနေသေးတယ်လို့ မစ္စတာ မာနာဆာဆိုဂါဗ်ေ့က ထုတ်ပြန်ထားပါတယ်။ 

မစ္စတာ ဆိုဂါဗ်ေ့ရဲ့ ရွေးကောက်ခံဝန်ကြီးချု့ပ် မစ္စတာ အယ်လ်ဘာနိစ့် အတွက် စာရေးသားခဲ့ တာဟာ “အယ်လ်ဘာနိစ့်၏ သက်တမ်းတွင် ‌ဆော်လမွန်ကျွန်းစု၏ ဩစ‌တြေးလျနှင့် ဆက်ဆံရေးကို နောက်တဆင့် တက်လှမ်းနိုင်မည်” လို့အာမခံနိုင်တယ်လို့ ရေးသားထားပါတယ်။ 

ဖီဂျီဝန်ကြီးချုပ်ရဲ့ ဩစ‌‌တြေးလျဝန်ကြီးချုပ်အသစ်သို့  တွစ်တာစာမျက်နှာက တဆင့် ဂုဏ်ပြု ရေးသားချက်မှာ “ပစိဖိတ်ဒေသကို ပံ့ပိုးမယ့် သင့်ရဲ့  ကတိများစွာအနက်ကမှ ရာသီဥတု အကြောင်းကို ပထမဦးဆုံး ဦးစားပေးထားတာလောက် ဘယ်အရာမှ ကြိုဆိုစရာမရှိ” လို့ ပါရှိပါတယ်။ 

နယူးဇီလန်ဝန်ကြီးချုပ်က ပစိဖိတ်အတွင်းရှိ မိမိတို့(၂) နိုင်ငံဟာ အနီးကပ်ဆုံး မိတ်ဆွေဖြစ်နေ တာနဲ့အတူ မိတ်ဆက်ဖြစ်တည်ခြင်းကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့စင်မြင့် ထက်မှာ မိမိတို့ရဲ့ အကျိုးစီးပွားတွေကို ဆက်လက်ချဲ့ထွင်းသွားမယ်လို့ ဂုဏ်ပြုထားပါတယ်။

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.