ဘန်ကောက် – မေ(၂၂) 

ခရီးသည်မပါတဲ့ ပျံသန်းမှုပြုလုပ်နေရတဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ ထိုင်းအဲလ်အေးရှား X ရဲ့ဒေဝါလီခံဖို့ လျှောက်ထားတာကို ထိုင်းဒေဝါလီတရားရုံးက လက်ခံခဲ့ပါတယ်။ 

ဇွန်လက စတင်ပြီး ဂျပန်၊တောင်ကိုရီးယားနဲ့ နိုင်ငံတကာခရီးစဉ်တွေအပါအဝင် ကြိုတင်ဘွတ် ကင်တင်ထားတဲ့ ထိုင်ခုံလက်မှတ်တွေအားလုံးကို ဂုဏ်ပြုပေးမှာဖြစ်တယ်လို့ လေကြောင်းလိုင်း ကပြောပါတယ်။ 

အဲအေးရှားအဖွဲ့လက်အောက်က တန်ဖိုးနည်းခရီးဝေးလေကြောင်းလိုင်းဖြစ်တဲ့ TAAX ဟာ ကိုဗစ်ကာလအတွင်းထိုင်းအဲလ်ဝေးနဲ့ နော့ခ်အဲ့တို့ပြီးနောက် ထိုင်းနိုင်ငံရဲ့ တတိယမြောက် ဒေဝါလီခံရတဲ့ လေကြောင်းလိုင်းဖြစ်လာခဲ့ပါတယ်။ 

“လေကြောင်းလိုင်းက အကြွေးအများကြီး တင်ထားတာကြောင့် အကူငွေရှာဖို့ ခက်ပါတယ်။ နောက်အဆင့်မှာ တရားရုံးက အတည်ပြုထားတဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်ဟာ လုပ်ငန်းကို ရေရှည်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အလားအလာရှိတဲ့ ဖြေရှင်းချက်တစ်ခုဖြစ်မှာပါ” လို့ TAAX ဒါရိုက်တာက ပြောခဲ့ပါတယ်။ 

လေကြောင်းလိုင်းဟာ ဒီရွေးချယ်မှုကို ကာလအတန်ကြာစဉ်းစားခဲ့ပြီး ခရီးဝေးလေကြောင်းလိုင်း ဟာ သူတို့ရဲ့ လေယာဉ်တစ်ခုလုံးကို နိုင်ငံတကာလေကြောင်းပျံသန်းတာမရှိပဲ (၂) နှစ်ကျော်ကြာ ရပ်နားထားတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ကောင်းမွန်စွာစတင်ဖို့ လက်တွေ့ မကျနိုင်ဘူးလို့ သူကပြောပါသေးတယ်။ 

ဒါပေမယ့် နိုင်ငံအများစုက နယ်စပ်ထိန်းချုပ်မှုတွေကို ရုတ်သိမ်းပြီး ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ဖြေလျော့ပေးပြီးနောက် TAAX ဟာလည်း လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်သလို အထူးသဖြင့် လေယာဉ်ပျံသန်းမှုကို ချဲ့ထွင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

TAAX ရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်တဲ့ မစ္စတာ တာစစ်ပွန်က လေကြောင်းလိုင်းမှာ ကိုယ်ထည်ကျယ်တဲ့ လေယာဉ်(၁၂) စင်းပါရှိပေမယ့် ပျံသန်းမှုမပြုလုပ်နိုင်တာ (၂) နှစ်ကျော်သွားတဲ့အတွက် လေယာဉ်(၈) စီးအထိလျှော့ချပြီး လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ကုမ္ပဏီအနေနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်ရဲ့ နောက်တဆင့်မှာ ဘယ်လိုပုံဖြစ်မယ် ဆိုတာ စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် TAAX မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၁၀၀၀) ကျော်ကို ထိခိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။  

“ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ၈လမှ ၁၂လအတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အကူးအပြောင်းကာလအတွင်းအနည်းငယ် သက်ရောက်မှုရှိမယ် လို့မျှော်လင့်ပါတယ်။ ဒီကာလအတွင်းမှာ၊ ပျံသန်းမှုတိုးချဲ့တာ အားလုံးဟာ ကြေငြာထားတဲ့အတိုင်းပါပဲ” လို့ သူကပြောပါတယ်။ 

တရားရုံးက TAAX ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာ ထည့်သွင်းဖို့ အမိန့်ခွင့်ပြုပြီး တာနဲ့ တပြိုင်နက် သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေခိုင်မာစေဖို့နဲ့ ဝန်ဆောင်မှုတွေ အပြည့်အဝ ရရှိစေဖို့ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြင်ဆင်မှာဖြစ်တယ်လို့ မစ္စတာ တာစစ်ပွန်က ပြောခဲ့ပါ တယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.