ဘန်ကောက် – မေ(၂၂)

ထိုင်းအစိုးရက နိုက်ကလပ်၊ကာရာအိုကေနဲ့ဘားတွေကို ဇွန်လကစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ အကြီးတန်းအရာရှိတွေက ပြောဆိုထားပြီး ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းသွားတဲ့အတွက်ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးတာဖြစ်တယ်လို့ သိရပါတယ်။ 

ညပိုင်းဖျော်ဖြေရးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားဧည့်သည်တွေအတွက် အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်ပေမယ့် ကိုဗစ်စတင်ချိန်တည်းက ဖျော်ဖြေရေးလုပ်ငန်းတွေ တင်းကြပ် တဲ့ ညမထွက်ရအမိန့်ကိုရင်ဆိုင်ခဲ့ရပြီး တချို့ ဘားတွေကိုတော့ စားသောက်ဆိုင်အဖြစ် ဖိအားပေး ဖွင့်လှစ်ခိုင်းပြီးလုပ်ငန်းဆက်လက်လည်ပတ်ခိုင်းထားတာပါ။ 

အစိုးရရဲ့နောက်ဆုံးအကြိမ်ဖြေလျှော့မှုတွေဟာ ကပ်ဘေးကာလမတိုင်ခင်နိုင်ငံစီးပွားရေးရဲ့(၁၂) ရာခိုင်နှုန်းအထိပံ့ပိုးပေးနိုင်တဲ့ ဖျော်ဖြေရေးကဏ္ဍနဲ့ခရီးသွားကဏ္ဍပြည်လည်ဦးမော့ရေးအတွက် ကူညီနိုင်မှာဖြစ်ပြီး ဒီနှစ်မှာ ဆိုက်ရောက်ခရီးသွားဦးရေ(၅) မီလီယမ်ကနေ (၁၅) မီလီယမ်အထိ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ 

“ဖျော်ဖြေရေး ပရဝုဏ်များ၊ ဘီယာဆိုင်များနှင့် အနှိပ်ခန်း ဗြူတီပါလာများနှင့် အခြားနေရာတွေကိုလည်း ဇွန်လ နောက်ပိုင်းမှာ ညသန်းခေါင်အထိ ဖွင့်လှစ်နိုင်ကြမှာပါ။ အဲ့ဒီ လုပ်ငန်းတွေကတော့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးနည်းလမ်းတွေကို အသုံးပြုသင့်တယ်၊ ဝန်ထမ်းတွေက အားဖြည့်ကာကွယ်ဆေးထိုးတာ မျိုး ပြီးတော့ ခုနှစ်ရက်ပြည့်တိုင်း အာတီဂျင်စစ်တာမျိုး လုပ်သင့်တယ်”လို့ ကိုဗစ် 19 လုပ်ငန်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝီဆင် ဗီဆာနူယိုသင် က ကပြောခဲ့ပါတယ်။ 

ဇွန်လ(၁) ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံမှာ ကွာရန်တင်းဝင်ဖို့လိုအပ်တဲ့ ကာကွယ်ဆေး မထိုးရသေးတဲ့ ခရီးသွားဧည့်သည်တွေအတွက် လိုအပ်ချက်လျှော့ချမှာဖြစ်ပြီး ခရီးသည်တွေ အနေနဲ့ ဆိုက်ရောက်ချိန်မှာ စစ်ဆေးမှုခံယူဖို့နဲ့ မထွက်ခွါခင် ကိုဗစ်ပိုးမရှိဘူးဆိုတဲ့ ဓာတ်ခွဲ အဖြေကိုပြသရမယ်လို့ သူကပြောပါသေးတယ်။ 

ဇန်နဝါရီလက မေလအလယ်ထိ ထိုင်းနိုင်ငံဟာ ဆိုက်ရောက်ခရီးသွားဦးရေ ၁.၀၁ မီလီယမ် အထိ ရှိခဲ့ပြီး မနှစ်က ဝင်ရောက်လာတဲ့ ခရီးသွားဦးရေမှာ (၄၂၇၀၀၀) အထိရှိတယ်လို့ သိရပါတယ်။

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.