ဘာလင် – မေ(၂၂) 

ဥရောပသမဂ္ဂနဲ့ ဆွေးနွးပြီးနောက် ရုရှားဓာတ်ငွေ့ကို ဆက်လက်ဝယ်ယူနိုင်ဖို့ အတွက် ပိတ်ဆို့ အရေးယူမှုတွေကို မချိုးဖောက်ဘဲ ရူဘယ်ငွေစာရင်းဖွင့်ထားနိုင်တယ်ဆိုပြီး ဂျာမနီနဲ့ အီတလီတို့က ကုမ္ပဏီတွေကို ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံခြားက ဝယ်ယူသူတွေအနေနဲ့ ရူဘယ်ငွေနဲ့ ဓာတ်ငွေ့ဝယ်ယူမှုကို ပေးချဖို့ ရုရှားရဲ့ တောင်းဆို မှုအပေါ်အချေအတင်းဆွေးနွေးမှုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကိုဆန့်ကျင်တဲ့ သဘောထား တင်းမာတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ဥရောပအစိုးရတွေရဲ့ ဆုံးဖြတ်ချက်ကို စမ်းသပ်ခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ 

ပိုလန်၊ဘူလ်ဂေးရီးယားနဲ့ ဖင်လန်တို့ကတော့ ရုရှား ဂတ်စ်ပရွန်းဘဏ်အကောင့်တွေက တဆင့် ဓာတ်ငွေ့တင်သွင်းသူတွေပေးဆောင်ဖို့ တောင်းဆိုမှုကို လိုက်နာဖို့ ငြင်းဆိုထားခဲ့ပြီး သူတို့ရဲ့ ရောင်းချမှုတွေကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။ 

တခြားအဖွဲ့ဝင်နိုင်ငံတွေကတော့ နေအိမ်တွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ရုရှားဓာတ်ငွေ ရဲ့ အရေးပါတဲ့ ထောက်ပံ့မှုတွေဆုံးရှုံးသွားနိုင်တဲ့ လုပ်ဆောင်ချက်အတွက် ကုမ္ပဏီတွေကို လမ်းညွှန်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ 

ဘရပ်ဆဲလ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တာမရှိပဲ ရုရှားဓာတ်ငွေ့ကို ဘယ်လိုဝယ်ရ မယ်ဆိုတာနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေကို လမ်းညွှန်ချက်နှစ်ခုပေးထားပြီးဖြစ်ပေမယ့် အီးယူတာဝန်ရှိသူတွေ က ဂတ်စ်ပရွန်းဘဏ်ကနေ ရူဘယ်ငွေစာရင်းမဖွင့်ဖို့ တံခါးပိတ်အစည်းအဝေးတစ်ခုမှာ ကုမ္ပဏီတွေကို အကြံပြုထားတဲ့အတွက် တရားဝင်လမ်းကြောင်းမှာ ဝေဝါးနေသေးတယ်လို့ သိရပါတယ်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဘရပ်ဆဲလ်က သံတမန်တချိုကို နိုင်ငံတွေရူဘယ်ငွေစာရင်း ဖွင့်ပြီး ရုရှားဓာတ်ငွေ့ကို ဆက်လက်ဝယ်ယူဖို့ အကြံဉာဏ်ဟာ ရည်ရွယ်ချက်ရှိရှိ ဝေဝါးစေတဲ့ အကြံပြုချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

“ပုံမှန်အတိုင်း စီးပွားရေးအတွက် တံခါးဖွင့်ထားတယ်ဆိုတဲ့ ခံယူချက်တစ်ခုရှိပါတယ်” လို့ သံတမန်တစ်ဦးက ပြောဆိုခဲ့ပြီး နိုင်ငံတချို့ရဲ့ ကုမ္ပဏီတွေဟာ ရူဘယ်အကောင့်တွေဖွင့်ထား တာနဲ့ တချို့သောနိုင်ငံတွေက ကုမ္ပဏီတွေက ရူဘယ်ငွေစာရင်းမဖွင့်တာဟာ ရုရှားကို ဆန့်ကျင် တဲ့ အီးယူရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ကော်မရှင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီတွေကို ရူဘယ်အကောင့်ဖွင့်ဖို့ အကြံပြု လိုတာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောပါတယ်။ 

ဂျာမနီဟာ အီးယူနဲ့ အနီးကပ်ညှိနှိုင်းဆောင်ရွက်တာတွေရှိနေပြီး ဘာလင်းက ဂတ်စ်ပရွန်း ဘဏ် ကို သူတို့ပေးချတဲ့ငွေတွေဟာ ရုရှားငွေကြေးနဲ့မဟုတ်သလို ပိတ်ဆို့အရေးယူမှုတွေကို မချိုး ဖောက်ပဲ ရုရှားဓာတ်ငွေ့အတွက် ပေးချေဖို့ ရူဘယ်အကောင့်ဖွင့်လှစ်နိုင်တယ်ဆိုပြီး ကုမ္ပဏီ တွေကို ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်နှစ်ခုက ရိုက်တာကို ပြောဆိုခဲ့ကြပါတယ်။ 

အကြီးတန်းအစိုးရသတင်းရင်းမြစ်တစ်ခုက အီတလီအစိုးရဟာ ဥရောပကော်မရှင်နဲ့လည်း စကားပြောဆိုခဲ့ပြီး ရုရှားဓာတ်ငွေ့ကို တရားဝင်ဝယ်ယူပုံနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ ရှင်းလင်း ချက်ရရှိခဲ့ပြီးနောက် အီတလီစွမ်းအင်ကုမ္ပဏီတစ်ခုက ယူရိုငွေနဲ့ရူဘယ်ငွေ အကောင့် နှစ်ခုဖွင့်ဖို့ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

Oxford Institute for Energy Studies မှ အကြီးတန်း သုတေသနညာရှင်က ရူဘယ်အကောင့်ဖွင့် တာဟာ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တဲ့ ဥပဒေအကြောင်းအရ အခြေခံထားတာ မရှိဘူး လို့ ပြောခဲ့ပါတယ်။ 

“ဝယ်ယူသူများကို ထိုကဲ့သို့သော အကောင့်များဖွင့်ခြင်းမှ တားမြစ်သည့်လမ်းညွှန်ချက်တွင် စာဖြင့်ရေးသားထားတာ မည်သည့်အရာမှ မရှိပါ။ ဥရောပကော်မရှင်၏ နှုတ်ထွက်စကားများသည် မရှင်းလင်းမှုများ ရှိနေသော်လည်း ၎င်းသည် အရေးကြီးသော လမ်းညွှန်ချက်ဖြစ်သည်” လို့ သူမက ပြောကြားခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.