နေပြည်တော် – မေ(၂၁)

မြန်မာနိုင်ငံအတွင်း မကြာသေးခင်က လစ်လပ်သွားတဲ့ ဩစတြေးလျ သံအမှတ်နေရာကို အစားထိုးမှာမဟုတ်ဘူးလို့ ဩစတြေးလျအစိုးရက ကြေငြာခဲ့ပြီးနောက် စစ်ကောင်စီက  သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ 

စစ်တပ်ကအာဏာသိမ်းခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ဖြစ်ပေါ် စေဖို့အနောက်နိုင်ငံအစိုးရတွေက ဦးဆောင်ခဲ့ပြီးနောက် အရပ်သားတွေအပေါ်ပြင်းထန်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို အတိုက်ခံအစိုးရနဲ့လည်း တွေ့ဆုံထားပါတယ်။ 

ကန်ဘာရာအစိုးရဟာ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ် အာဒါရာ ဖလောက်နာ နေရာမှာ အစားမထိုးပဲ ရောရာအကြီးအကဲတစ်ဦးကိုသာ အစားထိုးစေလွှတ်မှာဖြစ်တယ်ိလို့ ဩစတေးလျမီဒီယာတွေက အစီရင်ခံထားပါတယ်။ 

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဆက်သွယ်ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ 

သံအမတ်ဟောင်းဖလောက်နာနဲ့ အာဏာသိမ်းစစ်ခေါင်းဆာင်တို့ ရဲ့ ဧပြီလ တွေ့ဆုံမှုကို စစ်တပ်ကိုတရားဝင်မှုဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ 

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဗြိတိန် အစိုးရက လက်တလော ဆောင်ရွက်ခဲ့တဲ့ သံတမန်ရေးအဆင့်လျှော့ချရေးကို မြန်မာနိုင်ငံအနေနဲ့ စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ 

မြန်မာစစ်ကောင်စီမီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်အရ လက်တလော ရောက်ရှိလာတဲ့ အိန္ဒိယနဲ့ ဆော်ဒီနိုင်ငံက သံတမန်တွေကတော့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့ရဲ့ အထောက်အထားတွေတင်ပြထားခဲ့ကြပါတယ်။ 

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.