ဂျကာတာ – မေ(၂၁) 

ကမ္ဘာ့အကြီးဆုံးစားသုံးဆီထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက တင်ပို့မှုအပေါ်တားမြစ်ချက် ပြင်ဆင်ပြီးနောက် တစ်ရက်အကြာမှာ စားအုန်းဆီးအတွက် ပြည်တွင်းရောင်းချမှုလိုအပ်ချက် တစ်ရပ်ကို ပြဌာန်းတော့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

သမ္မတဂျိုကိုဝီဒိုဒို အစိုးရဟာ စားအုန်းဆီမူဝါဒကို နိုဝင်ဘာလတည်းက ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ ပြီးနောက် ဧပြီလနှောင်းပိုင်းက တင်ပို့မှုတားမြစ်ချက်နဲ့ ပြည်တွင်းစားသုံးဆီ စျေးနှုန်း ကြီးမြင့် မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေဟာ ကမ္ဘာ့စားသုံးဆီစျေးကွက်ကို တုန်လှုပ်သွားစေပြီး သူတို့ရဲ့ ထုတ်ကုန်စျေးနှုန်းတွေကျဆင်းနေမှုကြောင့် လယ်သမားတွေထိခိုက်နေတာပါ။ 

ဟင်းရွက်အဆီခဲကကနေ ခေါင်းလျှော်ရည်အထိ နေရာတိုင်းမှာ အသုံးပြုရတဲ့ စားအုန်းဆီဟာ ကမ္ဘာ့သီးနှံဆီစျေးကွက်ရဲ့ သုံးပုံတစ်ပုံမှာ ပါဝင်နေပြီး အင်ဒိုနီးရှားဟာ ထုတ်ကုန်ရဲ့ (၆၀) ရာခိုင် နှုန်းအထိ တင်ပို့နေတာဖြစ်ပါတယ်။ 

သမ္မတဝီဒိုဒိုက စားသုံးဆီအလုံးအရင်းစျေးနှုန်းဟာ အစိုးရရဲ့ ပစ်မှတ်တစ်လီတာကို ၁၄၀၀၀ ရူပီယာ(ကန်ဒေါ်လာ ၀.၉၆) ထက်ကျော်လွန်နေပေမယ့် သုံးပတ်ကြာတားမြစ်ပိတ်ပင်ထားမှုကို လာမယ့် သီတင်းပတ်မှာ ရုပ်သိမ်းမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

စားသုံးဆီတန်ချိန်(၁၀) သန်းကို နိုင်ငံအတွင်းမှာ ကျန်ရှိစေဖို့အတွက် အစိုးရက စားအုန်းဆီအပေါ် ပြည်တွင်းစျေးကွက်တာဝန်ယူမှု (DOM) ကိုချမှတ်သွားမှာဖြစ်တယ်လို့ အင်ဒို စီးပွားရေးဝန်ကြီးက ပြောပါတယ်။ 

“ကုန်သွယ်ဝန်ကြီးဌာနသည် ထုတ်လုပ်သူတိုင်းနှင့် ကိုက်ညီရမည့် DMO ၏ ပမာဏကို ဆုံးဖြတ်မည်ဖြစ်ပြီး ဒေသတွင်းသို့ ဟင်းချက်ဆီ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး ယန္တရားအား ဆုံးဖြတ်လိမ့်မည်” လို့ စီးပွားရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

ပြည်နယ်အစားအစာရှာဖွေဝယ်ယူရေးအေဂျင်စီ Bulog ကို ဟင်းချက်ဆီကြားခံစတောခ့် ထူထောင်ဖို့ တာဝန်ပေးအပ်သွားမှာဖြစ်ပြီး ပို့ကုန်တွေပြန်လည်စတင်ဖို့ ကြေငြာချိန်မှာ သမ္မတ က ဟင်းချက်ဆီစျေးနှုန်းတွေသက်သာလာစေဖို့နဲ့ မျှော်မှန်းအရေအတွက်ရဖို့ အာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်သွားမယ်လို့ ကတိပြုထားပါတယ်။ 

စီးပွားရေးဝန်ကြီးက တားမြစ်ချက်ဟာ လစဉ်စားသုံးဆီသိုလှောင်မှုကို မတ်လမှာ လစဉ်ဝယ်လိုအား ၃၃ရာခိုင်နှုန်းကနေ ၁၀၉ ရာခိုင်နှုန်းအထိလျှော့ချနိုင်ခဲ့ပြီး ကြာသာပတေးနေ့အထိ ဟင်းချက်ဆီပျမ်းမျှးဈေးနှုန်းကို ရူပီယာ ၁၉၈၀၀ ကနေ ၁၇၀၀၀ အထိ လျှော့ချ နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။ 

“နိုင်ငံတကာဝယ်လက်တွေအတွက်တော့ အင်ဒိုနီးရှားစားအုန်းဆီရရှိမှုက နိုင်ငံတကာ စားအုန်းဆီကုန်ကြမ်းဈေး ကို အနည်းငယ်ဖိအားတော့ရှိပါလိမ့်မယ်။ ယေဘုယျအားဖြင့် ပို့ကုန်တားမြစ်ချက်ကို ရုတ်သိမ်းလိုက်တာဟာ အင်ဒိုနီးရှား အခြေခံ စိုက်ပျိုးသူများအတွက် သက်သာရာရစေပါတယ်” လို့ လေ့လာသူတွေက မှတ်ချတ်ပြုပြော ဆိုထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.