အမျိုးသမီးသတင်းတင်ဆက်သူတွေကို မျက်နှာဖုံးအုပ်ပြီးတင်ဆက်ဖို့ တာလီဘန်အမိန့်ထုတ်
ကဘူးလ်- မေ(၂၁) အာဖဂန်ရှိ တာလီဘန်အာဏာပိုင်များက ဒေသတွင်းသတင်းဌာနများမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတင်ဆက်သူတွေကို ရုပ်သံထုတ်လွှင့်တဲ့အခါ မျက်နှာကို ဖုံးအုပ်ထားဖို့ ရုပ်သံဌာနများကို ပြောကြားထားခဲ့ကြောင်း တာဝန်ရှိသူတဦးကပြောပါတယ်။ ယင်းအမိန့်မှာ အာဖဂန်အမျိုးသမီးတွေ လူမြင်ကွင်းမှာ မျက်နှာကို ဖုံးကွယ်ထားရမယ်ဆိုပြီး တာလီဘန်အာဏာပိုင်တွေရဲ့ လတ်တလောညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အတိတ်ကာလကအတိုင်း အမျိုးသမီးများကို ပိုမိုတင်းကျပ်စွာ အုပ်ချုပ်မဲ့ တာလီဘန်ရဲ့ အရိပ်လက္ခဏာများ ပြန်လည်လာနိုင်ချေရှိတယ်လို့ သုံးသပ်နေကြပါတယ်။…