တိုကျို – မေ(၂၀) 

အမေရိကန်၊ဂျပန်၊ဩစတြေးလျနဲ့ အိန္ဒိယ ထိပ်ပိုင်းခေါင်းဆောင်တွဟာ Quad လုံခြုံဲရေး ဆိုင်ရာ ပူးပေါင်း ဆောက်ရွက်မှု မူဘောင်အတွင်း မေလနှောင်းပိုင်းမှာ တိုကျိုမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ 

အခုတွေ့ဆုံမယ့် (၄) နိုင်ငံဟာ တရုတ်ကြောင့်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ အတွက် ပူးပေါင်းတုံ့ပြန်မှုတစ်ရပ်ရဲ့ ပလက်ဖောင်းတစ်ခုကို တည်ဆောက်သွားမှာဖြစ်ပေမယ့် ယူကရိန်းကို ရုရှားကျူးကျော်မှုဟာ ဒီလုပ်ဆောင်မှုတွေအတွက် အလွဲအချာ်တွေဖြစ်ပေါ်စေ ခဲ့ပါတယ်။ 

ဒီမိုကရေစီဦးဆောင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတို့ဟာ ရုရှား ကျုးကျော်မှုကိုရှုပ်ချထားပြီး မော်စကိုအပေါ်စီးပွားရေးပိတ်ဆို့မှုတွေကို တိုးမြှင့် ဆောက်ရွက် ခဲ့ကြပေမယ်ါ့ ငြိမ်းချမ်းရေးအတွက်သာ ပြောဆိုနေတဲ့ အိန္ဒိယနိုင်ငံအနေတဲ့ ရုရှားကို အပြစ်ပေးဖို့ ငြင်းဆိုထားပြီး ယူကရိန်းပြဿနာမှာ ကြားနေဝါဒအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ အစီရင်ခံမှုတွေအရ အိန္ဒိယဟာ ရုရှားဆီက လောင်စာဆီကို လျှော့စျေးနဲ့ ဝယ်ယူနေတာဖြစ်ပြီး အခုကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်၊ဂျပန်နဲ့ ဩစတြေးလျ တို့က အိန္ဒိယရဲ့ရပ်တည်ချက်ပြောင်းလဲပြီး ပိတ်ဆို့အရေးယူမှုတွေမှာ ပါဝင်အောင်တောင်းဆိုဖို့ စီစဉ်ထားကြပါတယ်။ 

ယူကရိန်းကို ရက်စက်စွာ ပြုမှုနေတဲ့ ရုရှားကို ပိတ်ဆို့အရေးယူဖို့ ငြင်းဆိုခဲ့တဲ့ အိန္ဒိယရဲ့ ငြင်းပယ် ချက်ဟာ စိတ်ပျက်စရာကောင်းနေပေမယ့် ကြားနေရပ်တည်ချက်ကို လွှတ်ချဖို့အတွက် ဖိအား ပေးနေတဲ့ တခြား Quad (၃) နိုင်ငံဟာလည်း ပါးနပ်မှုမရှိကြဘူးလို့ ရိုက်တာမှာဖော်ပြထားပါ တယ်။ 

အိန္ဒိယနိုင်ငံဥပဒေပြဌာန်းသူတွေဟာ နိုင်ငံအနေနဲ့ ရွေးချယ်ခွင့်မရှိဘူးလို့ အခိုင်အမာပြောဆို ထားကြပြီး အားကောင်းလာတဲ့ တရုတ်ရန်ကိုကာကွယ်ဖို့ ရုရှားနဲ့ အနီးကပ်ရှိနေဖို့ လိုတယ်လို့ ဆိုထားကြပါတယ်။ 

တရုတ်ကိုအင်အားကြီးနိုင်ငံတစ်ရပ်ဖြစ်လာမှာကို တားဆီးဖို့ အိန္ဒိယနိုင်ငံက နည်းလမ်းရှာဖွေ နေပြီး တရုတ်နဲ့အင်အားမျှနိုင်ဖို့ အမေရိကန်နဲ့ ရုရှားကိုဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်နေပါတယ်။ 

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အိန္ဒိယကို ရုရှားလက်နက်တွေအပေါ်မှီခိုနေရတာကို လျှော့ချ နိုင်ဖို့အတွက် သူတို့နဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုပူးပေါင်းဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

Quad ရဲ့ တခြားသောအဖွဲ့ဝင်နိုင်ငံတွေဟာ ရှရားနဲ့ ရင်ဆိုင်ဖို့ အိန္ဒိယရဲ့ အကူအညီရရှိဖို့ နည်းလမ်း ရှာဖွေတာဟာ မမှားယွင်းပေမယ့် အစုအဖွဲ့ရဲ့ညီညွတ်မှုကို မထိခိုက်နိုင်ရေးအတွက် ဂရုပြုဖို့ လိုအပ်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.