ဝါရှင်တန်၊ မေ ၂၀

ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား အာရုံစိုက်နေချိန်အတွင်း မြောက်ကိုရီးယား၏ နျူကလီးယား သို့မဟုတ် ဒုံးကျည်စမ်းသပ်မှုမှ ဖြစ်လာနိုင်ခြေများကို တရုတ် ထိပ်တန်း သံတမန် ယမ်းဂျီးချီနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က မေလ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ယခုသီတင်းပတ်မှ စတင်မယ့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ သမ္မတ ဂျိုးဘိုင်ဒင်၏ ခရီးစဉ်မတိုင်မီအတွင်း သို့မဟုတ် အပြီးတွင် မြောက်ကိုရီးယားသည် ယင်းစမ်းသပ်မှုတစ်ခုအတွက် ပြင်ဆင်နေနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးက တင်ပြချက်ကို အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ဆူလီဗန်က ပြောခဲ့တာပါ။

“ဒီမနက်မှာ ကျွန်တော့်ရဲ့ ဆွေးနွေးဘက် တရုတ်နဲ့ စကားပြောခဲ့ပြီး မြောက်ကိုရီးယားအရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်”လို့ ယမ်း နှင့် ဖုန်းခေါ်ဆိုခဲ့ခြင်းအပေါ် ဆူလီဗန်က ပြောပါတယ်။

ဒေသတွင်းရှိ ၎င်း၏မဟာမိတ်များအား ကာကွယ်ရေးနှင့် ဟန့်တားမှု သေချာစေဖို့အတွက် အမေရိကန်သည် ၎င်း၏ စစ်ရေးအနေအထားကို ရေတိုရေရှည် ပြုပြင်ပြောင်းလဲရန် ပြင်ဆင်ထားကြောင်းလည်း ဆူလီဗန်က ထပ်မံပြောပါတယ်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ရန် အမေရိကန်က တွန်းအားပေးခဲ့သော်လည်း တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ကြောင်း အချက်ပြခဲ့ပါတယ်။

ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်အလက်များကို ဆူလီဗန်က ပြောကြားခြင်းမရှိသော်လည်း သူနှင့် ယမ်းတို့သည် ရုရှား-ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-တရုတ်ဆက်ဆံရေးတွင် သီးခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အစောပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။ 

“အမေရိကန်ဘက်က ‘ထိုင်ဝမ်ရဲ့ကတ်’ ကို ဆက်လက်ကစားပြီး လမ်းကြောင်းမှားသွားပါက အခြေအနေတွေ ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေမှာ သေချာတယ်” လို့ ဆင်ဟွာသတင်းဌာနက ယမ်း၏ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမ်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.