မနီလာ – မေ(၂၀) 

ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတအသစ် ဖာဒီနန်မားကိုစ့်ဂျုနီယာဟာ သူ့ရဲ့လွတ်လပ်တဲ့ နိုင်ငံခြား ရေးမူဝါဒမှာ တရုတ်ရဲ့ ထောက်ခံမှုကို အာမခံခဲ့တဲ့အတွက် ဖိလစ်ပိုင်-တရုတ်ဆက်ဆံရေးကို အရှိန်အဟုတ်မြှင့်ပြောင်းလဲသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ မားကိုစ့်က မဲအပြတ်အသတ် အနိုင်ရခဲ့ပြီး သူဟာ တရုတ်သမ္မတရှီကျင်းဖျင်နဲ့ ဗုဒ္ဓဟူးနေ့မှာ ဖုန်းနဲ့ ဆွေးနွေးပြောဆိုခဲ့ပြီး ပြဿနာတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ သဘောတူထားခဲ့တယ်လို့ သိရပါတယ်။ 

နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဖိလစ်ပိုင်အာဏာရှင်ဟောင်းရဲ့ သားဖြစ်သူနဲ့ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးဖွင့်လှစ်ရာမှာ ရှီက သူ့ဖခင်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်လို့ ပြောခဲ့ ပါတယ်။ 

“ရှေ့ဆက်လမ်းဟာ သံတမန်ရေးသာမက ကုန်သွယ်ရေးနင့် ယဉ်ကျေးမှုအပါအဝင် ပညာရေးနှင့်  ကျန်းမာရေးကိစ္စရပ်များတွင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ချဲ့ထွင်ဖို့အတွက် အခုလက်ရှိ ဖြစ်နေတဲ့ သဘောထားကွဲလွဲ အသေးအမွှားတွေကို ဖြေရှင်းဖို့ပါပဲ” လို့ ဖိလစ်ပိုင် သမ္မတ မားကိုစ့် ကပြောပါတယ်။ 

ဒါ့အပြင် ဖိလစ်ပိုင်နဲ့ တရုတ်တို့ရဲ့ နှစ်နိုင်ငံကြားမှာရှိတဲ့ ပဋိပက္ခ​တွေနဲ့ အခက်အခဲတွေကို သမိုင်းကြောင်းအစဉ်အလာအရ အရေးပါလာအောင်လုပ်ဆောင်ခွင့်မပြုနိုင်ဘူး လို့ သူကပြော ပါသေးတယ်။ 

ပြီးခဲ့တဲ့နှစ်အနည်းငယ်က တရုတ်ရဲ့ ကျယ်ပြန့်တဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုတွေနဲ့ တောင်တရုတ်ပင်လယ်က သူတို့ရဲ့ ကမ်းခြေစောင့်တပ်နဲ့ ငါးဖမ်းသင်္ဘောတွေရဲ့ လုပ်ဆောင်ချက် တွေကြောင့် မကြာသေးမီနှစ်တွေက တင်းမာတဲ့ ဆက်ဆံရေးရှိခဲ့ပြီး နှစ်စဉ်ကုန်သွယ်မှု ပမာဏ အနည်းဆုံး ကန်ဒေါ်လာ(၃.၄) ထရီလီယံ အထိရှိခဲ့တယ်လို့ သိရပါတယ်။ 

သမ္မတနှစ်ဦးရဲ့ဖုန်းနဲ့ဆွေးနွေးမှုမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ မနီလာမြို့က တရုတ်သံရုံးက သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရွေးကောက်ပွဲမှာ ဆန္ဒမဲစုစုပေါင်းရဲ့ (၅၉) ရာခိုင်နှုန်း နီးပါးနဲ့ မားကိုစ့်ဟာ သမ္မတရာထူးကို ရရှိခဲ့တာဖြစ်ပြီး ဇွန်လနှောင်းပိုင်းက စတင်ပြီး တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ 

လေ့လာသုံးသပ်သူတွေက မားကိုစ့်ဟာ ကာကွယ်ရေးမိတ်ဖက်နဲ့ ကိုလိုနီးဟောင်း အမေရိကန် ပြည်ထောင်စုတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး တရုတ်နဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံ ရေးကို ချည်နှောင်ဖို့ ရာထူးကနှုတ်ထွက်မယ့် သမ္မတရိုဒရီဂို ဒူတာတေးရဲ့ ပြန်လည်သင့်မြတ် ရေး မူဝါဒကို ဆက်လက်ကျင့်သုံးမှာဖြစ်တယ်လို့ မျှော်လင့်ထားကြပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.