ဆိုးလ် ၊ မေ (၁၉)

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ် 19 ကူးစက်မှု ပထမဦးဆုံးဖြစ်စဥ်ကို မီဒီယာတွေမှာ အင်္ဂါနေ့အတွင်း အတည်ပြုခဲ့ပြီးနောက် မြောက်ကိုရီးယားလေယာဥ်တစင်း ဆေးဝါးအထောက်အပံတွေကို သယ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ မေလ ၁၇ ရက်နေ့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော ၂ နှစ်ကျော်ကြာ ကိုဗစ်ကပ်ဘေးစတင်ချိန်ကတည်းကဆိုရင် ထိုကဲ့သို့ ပထမဦးဆုံး နိုင်ငံတကာသို့ လေယာဥ် စေလွှတ်မှုအဖြစ်  တရုတ်နိုင်ငံ ရှန်ယန်မြို့သို့ ‌မြောက်ကိုရီးယားမှ Air Koryo လေယာဥ် ၃ စင်း တနင်္လာနေ့မှာ ဆင်းသက်ခဲ့ပါတယ်။

ထိုနေ့ နှောင်းပိုင်းတွင်ပဲ ဆေးဝါးအထောက် အပံ့များနှင့်အတူ ပျံသန်းသွားခဲ့တယ်လို့ သတ်မှတ်ဖော်ထုတ်ခြင်း မရှိသော သတင်းရင်းမြစ်များကို ကိုးကားပြီး ကိုရီးယားယွန်ဟပ် သတင်းအေဂျင်စီမှ ပြောကြားခဲ့ပါတယ်။

“ဒီအချိန်မှာ (ဆေးဝါးပစ္စည်း) လုံလောက်မှုမရှိနိုင်တာမို့ သူတို့အနေနဲ့ လေကြောင်းခရီးစဥ်များကို ထပ်မံစေလွှတ်နိုင်ပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ယွန်ဟပ် က ရေးသားထားပါတယ်။

မြောက်ကိုရီးယားသည် လွန်ခဲ့သော သီတင်းပတ်အတွင်းက ပထမဦးဆုံးအကြိမ် စမ်းသပ်တွေ့ရှိခဲ့သော ကိုဗစ်ကူးစက်မှုနှင့်အတူ ရရှိလာသော အတွေ့အကြုံ အသိဗဟုတုသကို ဆုပ်ကိုင်ထားပြီး ကာကွယ်ဆေးနှင့်လုံလောက်သော ဆေးကုသရေးဆိုင်ရာ အခြေခံ အဆောက်အအုံမရှိခြင်းကြောင့် အဓိက ကျန်းမာရေးအကျပ်အတည်းတစ်ခုဖြစ်ပေါ်လာနိုင်သည်ကိုလည်း စိုးရိမ်လျှက်ရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော‌ရေးဆိုခွင့်ရှိသူက မီဒီယာတွေရဲ့ သတင်းအစီအရင်ခံမှုများကို မသိရှိထားပဲ မြောက်ကိုရီးယားကို မည်သည့်အကူအညီမှ စီစဥ်ပြင်ဆင်ထားခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အစောပိုင်းကာလတွေမှာတော့ တရုတ်က  မြောက်ကိုရီးယားမှ ကပ်ဘေးကို ရင်ဆိုင်ဖို့ အကူအညီတောင်းပါက ကူညီမယ်လို့  ပြောဆိုထားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.