ထိုင်ပေ – မေ(၁၉)

လာမယ့် သီတင်းပတ်အတွင်းကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံကို ထိုင်ဝမ်နိုင်ငံ တက်ရောက်သင့်တယ်လို့ အမေရိကန်အနိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနက ပြောဆိုထားပြီး တရုတ်အစိုးရရဲ့ စေခိုင်းမှုနဲ့ ဒီမိုကရေစီနည်းလမ်းအရအုပ်ချုပ်တဲ့ ကျွန်းနိုင်ငံကို ချန်လှပ်ထား တာဟာ ကမ္ဘာ့ကျန်းမာရေးအတွက်စိုးရိမ်မှုတစ်ခုဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ 

ထိုင်ဝမ်ကို ခရိုင်ဒေသန္တရတစ်ခုသာဖြစ်ပြီး သီးသန့်နိုင်ငံတစ်ခုမဟုတ်ဘူးဆိုတဲ့ အကြောင်းပြ ချက်နဲ့တရုတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေက ချန်လှပ် ထားဖို့ ပယ်ချထားပါတယ်။ 

တိုင်ပေ-ဘေဂျင်းဆက်ဆံရေးအဆင်ပြေချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဟာ ၂၀၀၉ ကနေ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးညီလာခံနဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ချမှတ် ရေးအဖွဲ့ကို လေ့လာသူအနေနဲ့တက်ရောက်ဖူးပါတယ်။ 

အမေရိကန်နိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price က ထိုင်ဝမ်ကို လေ့လာစောင့်ကြည့်သူအနေနနဲ့ ပါဝင်ခွင့်မပြုခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး WHO ဟာ Precedent ကို နှစ်ပေါင်းများစွာချိုးဖောက်ခဲ့ပြီး ထိုင်ဝမ်ဟာ ကမ္ဘာကြီးအတွက် အကျိုးရှိပြီး ထူးခြားတဲ့ ကျွမ်းကျင်မှုရှိထားတယ်လို့ ပြောဆိုထားပါတယ်။ 

“ကျွန်ုပ်တို့အနေဖြင့် ကပ်ဘေးကို ဆက်လက်တိုက်ခိုက်ရမှာဖြစ်ပြီး အခြားသော ပြည်သူ့ ကျန်းမာရေးအတွက်လည်း ဆက်လက်ရင်ဆိုင်နေရသဲ့သို့ ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေး အသိုက်အဝန်းက ချန်လှပ်ထားဖို့ ဆိုတာဟာ ခိုင်လုံမှုမရှိပါ။ ၎င်းအချင်းအရာက စိုးရိမ်စရာပါပဲ။ ကျွန်ုပ်တို့အနေနဲ့ ဒီပါဝင်မှုကို ချန်လှပ်ဖို့ဆိုတာဟာ ကြိုကြောင်းဆီလျော်တဲ့ အကြောင်းမှန်မဟုတ်ပါဘူး” လို့ အမေရိကန်အုပ်ချုပ်ရေးဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နောက်သီတင်းပတ်မှာ ကျင်းပမယ့်ညီလာခံအတွက် ထိုင်ဝမ်ကို လေ့လာသူအဖြစ်ပါဝင်ခွင့်ပြုဖို့ အဖွဲ့ဝင် (၁၃) နိုင်ငံက အဆိုပြုချက်လက်ခံရရှိထားပြီး အဲ့ဒီကိစ္စ နဲ့ပတ်သက်ပြီး လာမယ့် နှစ်ရက်တာအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ထိုင်ဝမ်အနေနဲ့ ဖိတ်ကြားလွှာရဖို့ဆိုတာ ခက်ခဲနိုင်တယ်လို့ ဒီလအစောပိုင်းက ပြောဆိုထားပါတယ်။ 

အမေရိကန်နဲ့ ထိုင်ဝမ်ကြားလက်နက်ထောက်ပံ့ရေးအတွက် တရားဝင်သဘာတူညီချက်မရှိ ပေမယ့် အမေရိကန်ဟာ အကြီးစားလက်နက်ထောက်ပံ့သူဖြစ်ပြီး ထိုင်ဝမ်ကို တရုတ်နိုင်ငံက ခွဲထုတ်နိုင်ရေးနဲ့အတူ နိုင်ငံတကာစနစ်မှာလည်း နေရာပိုမိုရရှိနိုင်ဖို့အတွက် ပံ့ပိုးကူညီပေးနေ ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.