တိုကျို – မေ(၁၈)
ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအပြည့်အဝပြန်လည်ဖွင့်လှစ်ချိန်မတိုင်မီမှာ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အကန့်အသတ်နဲ့သာခွင့်ပြုတဲ့ စမ်းသပ်ခရီးသွားကဏ္ဍကို မေလအတွင်းစတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ခရီးသွားကဏ္ဍဟာ ဂျပန်နိုင်ငံစီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး စတင်ျိန်၂၀၂၀ ခုနှစ်တည်းက နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ရပြီး ခရီးသွားဧည့်သည်တွေကို ပြန်လည်ဝင်ရောက်ခွင့်တော့ မပြုသေးပါဘူး။
ကျောင်းသားကျောင်းသူတွေနဲ့ တချို့သော လုပ်ငန်းကိစ္စနဲ့ ခရီးသွားလာသူတွေကို ခွင့်ပြုနိုင်ဖို့ မူဝါဒတချို့ကို အနည်းငယ်ဖြေလျော့ထားခဲ့ပြီး ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေက မျှော်လင့်ထားခဲ့ပေမယ့် တစ်ဦးချင်းခရီးသွားဧည့်သည်တွေကို တော့ ဆက်လက်ပိတ်ပင်ထားမှာဖြစ်ပါတယ်။
ကြိုတင်သတ်မှတ်ချက်မရှိတဲ့ နေ့ရက်တွေမှာ ခရီးသွားကဏ္ဍနဲ့ သက်ဆိုင်တဲ့ နယ်စပ်ပြန်လည် ဖွင့်လှစ်ဖို့ လုပ်ဆောင်ပြီး အချက်အလက်စုဆောင်းတဲ့ အနေနဲ့ ဒီလနှောင်းပိုင်းမှာ စမ်းသပ် ဖြစ်စဉ်တွေအဖြစ် အသေးစားခရီသွားအဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုသွားမှာပါ။
ခရီးသွားအေဂျင်စစီတွေက တင်းကြကပ်ထားတဲ့ အစီအမံများ၊ခရီးသွားဧည့်ညွှန်များပါဝင်ရမှာ ဖြစ်ပြီး ကနဦးမှာ အမေရိကန်ပြည်ထောင်စု၊ဩစတြေးလျ၊ထိုင်းနဲ့ စင်္ကာပူတို့က ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးသားခရီးသွားဧည့်သည်တွေကို ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါရဲ့ အခုလအစောပိုင်းထုတ်ပြန်ကြေငြာချက်မှာ ဂျပန်နယ်ခြား မျဉ်းတွေကို ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံတွေက အခြေအနေတွေနဲ့အတူ ချိန်သားကိုက် ထိန်းချုပ်သွားဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောဆိုထားပြီး ဘယ်အချိန်မှာ နိုင်ငံကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ အသေးစိတ်အချက်အလက်ကို ပြောဆိုထားတာတော့မရှိပါဘူး။
၂၀၁၉ ခုနှစ်မှာ ဂျပန်နိုင်ငံဟာ ယန်းငွေ ၄.၈၁ ထရီလီယမ်အထိအသုံးပြုတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည် ၃၁.၉ မီလီယမ်ကို လက်ခံရရှိထားတယ်လို့ သိရပါတယ်။
Ref:CNA