South Korea's new President Yoon Suk-yeol signs a document as he works at the new Presidential office in Seoul, South Korea, May 10, 2022. Yonhap via REUTERS

ဆိုလ်း – မေ(၁၈) 

မြောက်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် ကူညီဖို့ နှမြောနေမှာ မဟုတ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက်လမ်းဖွင့်ထားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ 

သမ္မတရဲ့ မိန့်ခွန်းမှာ သီးခြားအနေနဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကတစ်ဆင့် ကမ္ဘာ့ထောက် ပံ့ရေး ကွင်းဆက်မှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေမယ့် နည်းလမ်းတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

“မြောက်ကိုရီးယားသာ ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုကို တုံ့ပြန်မယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး၊ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးပစ္စည်းနှင့် ဆေးဝါးတွေကို နှမြောမှာ မဟုတ်ပါဘူး” လို့ အမျိုးသားလွှတ်တော် စုံညီအစည်းအဝေးမှာတောင်ကိုရီးယား သမ္မတ ယွန်းစုခ်ယိုက ပြော ခဲ့တာပါ။ 

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းကတော့ မြို့တော်ပြုံယမ်းမှာ ကိုဗစ် ဆေးဝါးတွေ ဖြန့်ဖြူးမှုကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားရဲ့ ပထမဆုံးသော ရောဂါဖြစ်ပွားမှုကို ကျွမ်းကျင်သူ တွေက အကန့်အသတ်ရှိတဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေနဲ့ ကာကွယ်ဆေးအစီအစဉ်မရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ 

နိုင်ငံတော်က ပံ့ပိုးထားတဲ့ ဆေးဝါးတွေဟာ ပြည်သူတွေဆီအချိန်နဲ့တပြေးညီ တိကျတဲ့ နည်းလမ်းနဲ့ မရောက်ရှိခဲ့ဘူးလို့ အရေးပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ကင်မ်က ပြောဆိုထား ပါတယ်။ 

ဒါ့အပြင် အရန်ဆေးဝါးတွေကို ဖြန့်ဖြူးဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပေမယ့်ဆေးဆိုင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချော့မွေ့စွာ လုပ်ဆောင်ဖို့ ကောင်းစွာ ပြင်ဆင်ထား နိုင်တာမရှိခဲ့ဘူးလို့လည်း သူကပြောပါသေးတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ချို့ယွင်းချက်တွေထဲမှာ အရောင်းပြခန်းတွေကလွဲပြီး တခြားဆေးဝါး လုံလောက်စွာ သိုလှောင်မှု မရှိတာဟာ အရောင်းဝန်ထမ်းတွေသင့်လျော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတာမရှိတဲ့အတွက် ပတ်ဝန်းကျင် သန့်ရှင်းမှု စံနှုန်းတွေပျက်ပြားသွားတာဖြစ်တယ် လို့ သိရပါတယ်။ 

အစိုးရအဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေး ကဏ္ဍတို့က အဖွဲ့အစည်းတွေနဲ့ တာဝန်မဲ့တဲ့ အကောင်အထည် ဖော်ဆောင်မှုတွေကိုလည်း မြောက်ကိုရီးယားခေါင်းဆောင်က ပြစ်တင်ပြောဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.