May 18, 2022

လာအိုမှာ လောင်စာဆီ လိုအပ်ချက်တွေနဲ့ ကြုံတွေ့ရနိုင်

ဗီယင်ကျန်း၊ မေ(၁၈) လာအိုအစိုးရက အရှေတောင်အာရှနိုင်ငံတွင်း လောင်စာဆီဝယ်လိုအားများလာတာနဲ့အတူ အလုံးအရင်းနဲ့ အဆမတန်ဝယ်ယူမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် လာအိုမှာ လောင်စာဆီရရှိမှု လိုအပ်ချက်တချို့ကြုံတွေ့ရနိုင်တယ်လို့ အဓိက ရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။ လာအိုဟာ သူတို့ရဲ့ ရေနံဆီအများစုကို အိမ်နီးချင်း ထိုင်းနိုင်ငံက တင်သွင်းမှုအပေါ် မှီခိုနေရတာ ဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်က ဓာတ်ဆီဆိုင်အများစုကို ပိတ်ထားခဲ့ရပြီး လောင်စာဆီ သိုလှောင်ဖို့…

ကိုဗစ်ကူးစက်မှု မြင့်မားနေတဲ့ မြောက်ကိုရီးယားကိုအကူအညီပေးဖို့ နှမြောနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားဆို

ဆိုလ်း – မေ(၁၈) မြောက်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် ကူညီဖို့ နှမြောနေမှာ မဟုတ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက်လမ်းဖွင့်ထားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်းမှာ သီးခြားအနေနဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကတစ်ဆင့် ကမ္ဘာ့ထောက် ပံ့ရေး ကွင်းဆက်မှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေမယ့် နည်းလမ်းတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ “မြောက်ကိုရီးယားသာ…

ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုအကန့်အသတ်နဲ့ ဖွင့်လှစ်သွားမယ်။

တိုကျို – မေ(၁၈) ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအပြည့်အဝပြန်လည်ဖွင့်လှစ်ချိန်မတိုင်မီမှာ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အကန့်အသတ်နဲ့သာခွင့်ပြုတဲ့ စမ်းသပ်ခရီးသွားကဏ္ဍကို မေလအတွင်းစတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ခရီးသွားကဏ္ဍဟာ ဂျပန်နိုင်ငံစီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး စတင်ျိန်၂၀၂၀ ခုနှစ်တည်းက နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ရပြီး ခရီးသွားဧည့်သည်တွေကို ပြန်လည်ဝင်ရောက်ခွင့်တော့ မပြုသေးပါဘူး။ ကျောင်းသားကျောင်းသူတွေနဲ့ တချို့သော လုပ်ငန်းကိစ္စနဲ့ ခရီးသွားလာသူတွေကို ခွင့်ပြုနိုင်ဖို့ မူဝါဒတချို့ကို အနည်းငယ်ဖြေလျော့ထားခဲ့ပြီး…