ပြုံယမ်း – မေ(၁၇)
နိုင်ငံတစ်ဝှမ်းကိုဗစ်ရောဂါဖြစ်ပွားမှု့မြင့်တက်လာတဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က ကျန်းမာရေးဌာနတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဆေးဝါးတွေဖြန့်ဝေဖို့ စစ်တပ် ကိုအမိန့်ပေးခဲ့ပါတယ်။
နိုင်ငံတကာက မြောက်ကိုရီးယားကို ပြီးခဲ့တဲ့နှစ်က သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာ ကွယ်ဆေးတွေထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကိုဗစ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ် ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ံဖို့ ငြင်းဆိုထားတာပါ။
ခေါင်းဆောင်ကင်မ်က နိုင်ငံအတွင်းလျင်မြန်စွာပြန့်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုကို “ကြီးစွာသော ဘေးအန္တရာယ်”ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ဆေးဝါးအရန်တွေ ကိုသာဖြန့်ဖြူးတာတွေလုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပြုံယမ်းမှာနေထိုင်တဲ့လူတစ်သန်းနီးပါး ဖျားနာနေကြပြီး လူအယောက်(၅၀) လောက်သေဆုံးထားသလို အဲ့ဒီသေဆုံးသူတွေမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အထောက် အထားဘယ်သူဆီကမှ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြ ထားပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်ပိုးစမ်းသပ်မှုအခက်အခဲရှိနေတဲ့အတွက်ရောဂါကူးစက်မှု အနည်းငယ် ကိုသာအတည်ပြုနိုင်တဲ့အခြေအနေလို့ သိရပါတယ်။
ပညာရှင်တွေကတော့ ကိုဗစ်ပိုးအချိန်အတန်ကြာ ပျံ့နှံံ့နိုင်တယ်လို့ ပြောဆိုထားကြပြီး ကာကွယ်ဆေးမထိုးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းတဲ့အတွက် မြောက်ကိုရီးယား နိုင်ငံသားတွေကိုဗစ်ဒဏ်ကိုပိုမိုခံစားရနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။
ကာကွယ်ဆေးများ၊ကျန်းမာရေးဝန်ထမ်းများနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို အကူအညီ တောင်းလာမယ်ဆိုရင် အကန့်အသတ်မရှိအကူအညီပေးသွားဖို့ ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံက ကမ်းလှမ်းထားပါတယ်။
နိုင်ငံတွင်းကိုဗစ်ကူးစက်မှုတွေကြောင့်အစားအသောက်ထုတ်လုပ်မှုမှာ အခက်အခဲတွေရှိလာ နိုင်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေကလည်း မြောက်ကိုရီးယားမှာ အငတ်ဘေးဒဏ်ကိုအကြီးအကျယ်ခံစား ခဲ့ရပြီး နိုင်ငံ့လူဦးရေရဲ့ ၂၅ သန်းအနက်(၁၁)သန်းဟာ အဟာရချို့တဲ့နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ခန့်မှတ်ထားပါတယ်။
Ref:BBC