မြောက်ကိုရီးယားခေါင်းဆောင်က ကျန်းမာရေးတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်
ပြုံယမ်း – မေ(၁၇) နိုင်ငံတစ်ဝှမ်းကိုဗစ်ရောဂါဖြစ်ပွားမှု့မြင့်တက်လာတဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က ကျန်းမာရေးဌာနတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဆေးဝါးတွေဖြန့်ဝေဖို့ စစ်တပ် ကိုအမိန့်ပေးခဲ့ပါတယ်။ နိုင်ငံတကာက မြောက်ကိုရီးယားကို ပြီးခဲ့တဲ့နှစ်က သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာ ကွယ်ဆေးတွေထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကိုဗစ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ် ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ံဖို့ ငြင်းဆိုထားတာပါ။ ခေါင်းဆောင်ကင်မ်က နိုင်ငံအတွင်းလျင်မြန်စွာပြန့်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုကို “ကြီးစွာသော ဘေးအန္တရာယ်”ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး…