ဘန်ကောက် – မေ(၁၄) 

ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး လက်လီအရောင်ဆိုင်လုပ်ငန်း စင်ထန့်လုပ်ငန်းစု(Central Group) က ကိုဗစ်ကပ်ဘေးအလွန်နိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပတ္တရာကမ်းခြေမျက်နှာစာမှာ ကမ်းခြေအပန်းဖြေမြို့တော်ရဲ့ သဘာဝ ပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက်တစ်ခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။ 

စင်ထန့်လုပ်ငန်းစုဟာ စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပါဝင်မယ့် အဲ့ဒီအဆောက်အုံအတွက် ဝန်ဂါမတ်ကမ်းခြေမှာ ဘတ်(၃) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ မျှော်မှန်းထားတာပါ။ 

အစိမ်းရောင်နယ်မြေ(Green Space) ကိုစတုရန်းမိတာ ၂၂၀၀၀ ရှိတဲ့ အဆောက်အအုံရဲ့ လေးပုံ သုံးပံုထားရှိမှာဖြစ်ပြီး ထူးခြားတဲ့ သဘာဝကမ်းခြေပန်းခြံပါဝင်တဲ့ Lifestyle ရှော့ပင်းစင်တာ လို့ ခေါ်ဆိုထားပါတယ်။ 

၂၀၂၃ ခုနှစ်မှာ အဲ့ဒီစီမံကိန်းကို အပြည့်အဝဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ထားပြီး စင်ထန့် လုပ်ငန်းစုဟာ အဲ့ဒီနေရာကို နိုင်ငံခြားသားဧည့်သည် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မျှော်လင့်ထားပြီး တစ်နှစ်ကို ဧည့်သည် တစ်မီလီယ့အထိ ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ 

မကြာသေးခင်ကာလတွေတုန်းကလည်း အရှေ့တောင်အာရှရဲ့ အကြီးဆုံးရှော့ပင်မောတွေထဲက တစ်ခုဖြစ်တဲ့ Central Village ကို ဘန်ကောက်အနီးက (၅၀) ရာခိုင်နှုန်းအထိ အကြီးစားချဲ့ထွင်း မှုကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

စင်ထန့်လုပ်ငန်းစု (Central Group ) က ဟိုတယ်တွေပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ၂၀၂၆ ခုနှစ်အထိ ဘတ်(၂၀) မီလီယမ်အထိ ရင်းနှီးမြှုပ်နှံထားပါတယ်။ 

Ref:Nikkie Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.