ဂျေရုဆလင် – မေ(၁၃) 

အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် အဘူကာလီ ကို အစ္စရေး တပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ Jenin ဒုက္ခ သည်စခန်းမှာ ပစ်သတ်ခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ 

အာရဗီသတင်းတွေကို အဓိကရေးသားလေ့ရှိတဲ့ အသက်(၅၁) နှစ်အရွယ်စစ်မှုထမ်းဟောင်း အမျိုးသမီးသတင်းထောက်အဘူကာလီကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သွေးအေးအေးနဲ့ ပစ်သတ် ခဲ့တာဖြစ်တယ်လို့ အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောဆိုထားပါတယ်။ 

အစ္စရေးစစ်တပ်ကတော့ အနောက်ဘက်ကမ်းက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ အမာခံနယ်မြေက ဒုက္ခသည်စခန်းတွေကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပေမယ့် သတင်းသမားတွေကို တမင်ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်ကို တမင်ရည်ရွယ်တာမဟုတ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပါလက်စတိုင်းတွေကို ကမ်းလှမ်းထားတယ်လို့ စစ်ဘက်အရာရှိတစ်ဦးက AFP သတင်းဌာနကိုပြောပါတယ်။ 

အဘူကာလီပစ်ခတ်ခံရချိန်မှာ သတင်းထောက်အမှတ်အသား PRESS တံဆိပ်ပါ အင်္ကျီကို ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ဆင်ရေးမှာ ပါလက်စတိုင်း(၃၀) နဲ့ အစ္စရေးအာရပ်သုံးဦးသေဆုံးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ ဝင်တွေသေဆုံးထားတယ်လို့ လည်း သတင်းတွေမှာဖော်ပြထားပါတယ်။ 

သတင်းထောက်အဘူကာလီကို သတ်ဖြတ်တာဟာ အနောက်ဘက်ကမ်းကို သိမ်းပိုက်တာနဲ့ပတ်သက် ပြိး အမှတ်တရားကို ဖုံးကွယ်ဖို့ အစ္စရေးရဲ့ ကြိမ်းပမ်းမှုဖြစ်တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ 

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ အစ္စရေးစစ်တပ်က စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်နေပြီး ပါလက်စတိုင်းသေနတ်သမားတွေကိုလည်း အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တာတွေရှိနေပါတယ်။

Ref: Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.