May 13, 2022

ပြည်တွင်းမှာ စားသုံးဆီ မပြတ်လပ်နိုင်ဘူးလို့ မြန်မာနိုင်ငံ ဆီကုန်သည်အသင်း အာမခံ

ရန်ကုန် ၊ မေ (၁၃) မြန်မာနိုင်ငံကို အဓိက ဆီတင်သွင်းနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဆီတင်ပို့မှု ရပ်နားလိုက်ပေမယ့် ပြည်တွင်းမှာ စားသုံးဆီ မပြတ်လပ်နိုင်ဘူးလို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ပြည်ပနိုင်ငံတွေကို စားသုံးဆီတင်ပို့ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ဆီလှောင်ကန်ကနေ…

မော်လမြိုင် ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီက CDM ဝန်ထမ်း ရှိ မရှိ လိုက်လံ စစ်ဆေး

မော်လမြိုင် ၊ မေ (၁၃) မော်လမြိုင်မြို့က ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေ ရှိ မရှိ လိုက်လံ စစ်ဆေးလာတယ်လို့ ပုဂ္ဂလိကဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီ လက်အောက်ခံ ဌာနတွေ ဖြစ်တဲ့ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက…

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ မေ (၁၃) အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်က မြို့နယ်တချို့မှာ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ဖိအားပေးလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းဖို့အအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်အကြီးအကဲတွေ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်၊ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ ပြည်နယ်အဆင့်…

အယ်လ်ဂျာဇီးယားသတင်းထောက်ကို အစ္စရေးတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့

ဂျေရုဆလင် – မေ(၁၃) အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် အဘူကာလီ ကို အစ္စရေး တပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ Jenin ဒုက္ခ သည်စခန်းမှာ ပစ်သတ်ခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အာရဗီသတင်းတွေကို အဓိကရေးသားလေ့ရှိတဲ့ အသက်(၅၁) နှစ်အရွယ်စစ်မှုထမ်းဟောင်း အမျိုးသမီးသတင်းထောက်အဘူကာလီကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သွေးအေးအေးနဲ့ ပစ်သတ် ခဲ့တာဖြစ်တယ်လို့ အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောဆိုထားပါတယ်။ အစ္စရေးစစ်တပ်ကတော့…

ဘိုင်ဒန် စီးပွားရေးမူဘောင်ကို စိတ်ဝင်စားသော်လည်း အသေးစိတ်လေ့လာရန် လိုသေးလို့ ဗီယက်နမ် ပြော

ဝယ်လင်တန် ၊ မေ (၁၃) ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင့်ချင့်က ဟနွိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုထားသော အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ရဲ့ ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားပေမယ့် အသေးစိတ်ကို လေ့လာရန်အတွက် အချိန်လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်နှင့် အရှေ့ တောင်အာရှခေါင်းဆောင်များအကြား နှစ်ရက်တာထိပ်သီးဆွေးနွေးပွဲကို မေလ၁၂ ရက်နေ့က ဝါရှင်တန်မြို့မှာ စတင်လိုက်ပြီး ဘိုင်ဒန်ရဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် Indo-Pacific…

မြောက်ကိုရီးယားမှာ ကိုဗစ်လူနာ ပထမဆုံးအကြိမ်တွေ့ရှိ

ပြုံယမ်း – မေ(၁၃) မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်- 19 ကူးစက်မှုဖြစ်စဉ် ကိုမေလ(၁၂) ရက်နေ့က စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်မှာတော့ အမျိုးသားအရေးပေါ်အခြေအနေလို့ ခေါ်ကာ နိုင်ငံတဝှမ်း အသွားအလာကန့်သတ်မယ့် အမိန့်တစ်ရပ်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ ကာကွယ်ဆေးအကူအညီလက်ခံဖို့ ငြင်းဆိုထားပြီး နယ်စပ်မျဉ်းတွေပိတ်ထားတဲ့ မြောက်ကိုရီးယားမှာ ပထမဆုံးလူထုကူးစက်မှုနဲ့အတူ ကြီးမားတဲ့ ကူးစက်မှုတွေထိ အလားအ လာတွေရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့…

မြန်မာ့သံတမန်ရေးရာမှာ အာဆီယံခေါင်းဆောင်တွ ပိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အမေရိကန် တောင်းဆို

ဝါရှင်တန် – မေ(၁၃) မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေ ဖို့ကြိုးပမ်းရာမှာ အမေရိကန်က အရှေ့တောင်အာရှခေါင်းဆောင်တွေကို ပိုမိုကြီးမားတဲ့ စေ့စပ်ညှိနှိုင်း ရေး အခန်းကဏ္ဍမှာ အားစိုက်ပါဝင်စေလိုတယ်လို့ အမေရိကန်နိုင်ငံ အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦး က ပြောခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး နောက်မှာတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့အတွက်…