ဆိုးလ် – မေ(၁၁) 

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရှိနေပေမယ့် နျူကလီးယားကင်စင်ရေးကို အာမခံနိုင်ရင် သူ့အနေနဲ့ စီပွားရေးအစီအစဉ်တွေကို ပံ့ပိုးပေးဖို့ အဆင်သင့်ရှိတယ်လို့ တောင်ကိုရီးယား သမ္မတ အသစ် ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ 

ဆိုးလ်မြို့ပါလီမန်ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ပါ။ 

အစိုးရရှေ့နေအဖြစ် (၂၆) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံရေးလာကကို ဝင်ရောက် ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ပြီးခဲ့တဲ့ မတ်လက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

သမ္မတသစ်ယန်းဟာ ရန်လိုနေတဲ့ မြောက်ကိုရီးယားရဲ့ လက်နက်သစ်စမ်းသပ်မှုတွေနဲ့ ကိုဗစ်ကြောင့် (၂) နှစ်အတွင်းငွေကြးဖောင်းပွမှုနဲ့အတူ စီးပွားရေးပြန်လည်နာလန်ထူ လာဖို့စတဲ့  အဒီက ပြဿနာနှစ်ခုရင်ဆိုင်ရမှာပါ။ 

တိုက်ခိုက်မှုတွေရှိလာရင် မြောက်ကိုရီးယားကို ပြင်းထန်တဲ့ ကြိုတင်တိုက်ခိုက်မှုတွေ လုပ်ဆောင် ဖို့ရှိနေသလို နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲတွေကိုလည်း ပြန်လည်ဖွင့်လှစ်လိုတယ်လို့ ယွန်းရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။ 

“မြောက်ကိုရီးယားရဲ့ နျူလက်နက်အစီအစဉ်တွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးသာမက အရှေ့မြောက် အာရှအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပေမယ့် ဒီခြိမ်းခြောက်မှုကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်ထားမှာပါ” လို့တောင်ကိုရီးယား သမ္မတ ယွန်းစုခ်ယို က ပြောခဲ့ပါတယ်။ 

နျူကလီးယားကင်းစင်ရေးလုပ်ငန်းစဉ်ကို အမှန်တကယ်ဆောင်ရွက် မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်ပြီး မြောက်ကိုရီးယားရဲ့ စီးပွားရေးကို ခိုင်မာအားကောင်းစေမယ့်ပြည်သူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်မယ့် ထက်သန်တဲ့ အစီအစဉ်တွေကို တင်ပြဖို့ အဆင်သင့်ရှိနေပါတယ်လို့ သူကပြောပါသေးတယ်။ 

ယွန်းဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပိုမိုအဆင့်မြင့်တဲ့ စီးပွားရေးကစားကွက်ကို ဖန်တီးပြီး လူထုစိတ်မကျေမနပ်ဖြစ်မှုကို ပိုကြီးမာတဲ့ မညီမျှတဲ့ အိမ်ယာစျေးနှုန်းတွေအပါအဝင် ကျား၊မ နဲ့မျိုးဆက်ဆိုင်ရာ ပြိုင်ဆိုင်မှုတွေဖြစ်ပေါ်နေတဲ့ ကြားက ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.