ဝယ်လင်တန် ၊ မေ (၇)

နယူးဇီလန်နိုင်ငံမှာ လူ ၂၂ ဦး ထိသေဆုံးစေခဲ့သော ၂၀၁၉ ခုနှစ် မီးတောင်ဖြူကျွန်းပေါက်ကွဲမှုဖြစ်စဥ် နှင့် ပတ်သက်သော အရေးပေါ်စီမံမှုဆိုင်ရာ လုံခြုံ‌ရေးအတိုင်းအတာများကို ချိုးဖောက်မှုအတွက် တရားရုံးတော်မှ စီရင်ချက်ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ 

ဟွာကာရီလို့ လူသိများသော ကျွန်းပေါ်မှာ မီးတောင်ပြာနှင့် ရေနွေးငွေ့များ မီးတောင် ထိပ်ဝမှ စတင်ပေါက်ကွဲချိန်မှာ ထိုနေရာအတွင်း ဩစတြေးလျနိုင်ငံသား ခရီးသွားအများစုပါဝင်သော လူ ၅၀ ဦးနီးပါးရှိနေခဲ့ပါတယ်။ 

ထိုပေါက်ကွဲမှုသည် လူ ၂၂ ဦးကို သေဆုံးစေခဲ့ပြီး ၂၅ ဦးကျော်ကို ပြင်းထန်ဒဏ်ရာများ ရရှိစေခဲ့ပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (Nema) က ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အလုပ် ဥပဒေကို ချိုးဖောက်သော အစုအဖွဲ့ ၁၃ ဦးကို တရားစွဲဆိုခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ လုပ်ငန်းခွင် လုံခြုံမှု ဥပဒေပြဌာန်းသူရဲ့ ပြောဆိုချက်အရ အေဂျင်စီသည် ပေါက်ကွဲမှုရဲ့ ဘေးဖြစ်နိုင်ချေကို ထိုမီးတောင်တည်ရှိရာ မြေပိုင်ရှင်များနှင့် လူထုထံသို့ အကြောင်းကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ 

ထိုခရီးစဥ်နှင့် သက်ဆိုင်သော Crown Agency ကို စွဲဆိုမှုများကို Acukland ခရိုင်တရားရုံးမှ ပယ်ချခဲ့ပြီး အေဂျင်စီ ရှေ့နေများကလည်း အထင်မြင်လွဲမှားမှုသာဖြစ်ကြောင်း စောဒကတက်ခဲ့ပါတယ်။ 

Ref: THE STRAITS TIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.