Belarus President Alexander Lukashenko, left, speaks during an interview with Ian Phillips, Vice President of International News of The Associated Press, at the Independence Palace in Minsk, Belarus, Thursday, May 5, 2022. (AP Photo/Markus Schreiber)

မင့်စ် – မေ(၇) 

ဘီလာရုစ်အနေနနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ အထူးစစ်ဆင်ရေးမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ကြာသပတေးနေ့က ပြုလုပ်တဲ့ အေပီသတင်းဌာ နနဲ့တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုခဲ့ပါတယ်။ 

ဘီလာရုစ်ဟာ ငြိမ်းချမ်းရေးအတွက် ရပ်တည်နေပြီး ယူကရိန်း – ရုရှားစစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ ထပ်ခါတလဲလဲတောင်းဆိုခဲ့တယ်လို့ သူကပြောခဲ့တာပါ။ 

“ကျွန်ုပ်တို့ က မည်သည့်စစ်ပွဲကိုမဆို လုံးဝလက်မခံပါဘူး၊ စစ်ပွဲမဖြစ်အောင်လည်း ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ၊ ကျွန်ုပ်တို့နိုင်ငံအနေနဲ့ကလည်း ယူကရိန်းနှင့် ရုရှားကြား အဆင့်မြင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီ” လို့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောခဲ့ပါတယ်။ 

ယူကရိန်းဟာ သူတို့ရဲ့ နယ်မြေတွေမှာ စစ်ပွဲတွေဖြစ်ပွားနေပေမယ့် ဝါရှင်တန်ရဲ့ မူဝါဒကြောင့် စေ့စပ်ညှိနှိုင်းရေးကို စိတ်မဝင်စားရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်နေတယ်လို့လည်း သူက ပြောပါသေးတယ်။ 

ဒါ့အပြင် စစ်ပွဲမှာ နျူလက်နက်အသုံးပြုတာကို အမေရိကန်နိုင်ငံလို သမုဒ္ဒရာ ကို ဖြတ်ကျော်ပြီး ရှိနေတာမဟုတ်တဲ့အတွက်လက်ခံနိုင်စရာမရှိဘူးလို့ သမ္မတက ပြောခဲ့ပါတယ်။ 

ဘီလာရုစ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘောလ်တစ်ပြည်နယ်နဲ့ ပိုလန်တို့မှာ နေတိုးစစ်ရေး လေ့ကျင့်မူကို တုံ့ပြန်တဲ့အနေနဲ့ ဘီလာရုစ်စစ်တပ်တွေကို တိုက်ခိုက်ရေးအဆင်သင့်ရှိစေဖို့ ပြင်ဆင်မှု အခြေအနေကို စတင်ထားခဲ့တယ်လို့ သိရပါတယ်။ 

ဘီလာရုစ်နယ်စပ်မှာ နေတိုးတပ်တွေချထားတဲ့ အရေအတွက်မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်အား ၃၀၀၀ ခန့်ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ၃၂၀၀၀ ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ လူကာရှန်ကိုက ပြောခဲ့ပါတယ်။ 

Ref: ANI News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.