မနီလာ – မေ(၆)

ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကိုစ့် လက်ထပ်က တည်ဆောက်ထားတဲ့ Mothballed  နျူကလီယားဓာတ်အားပေးစက်ရုံဲနဲ့ ဓာတ်ပေါင်းဖိုကို နောက်လာမယ့် ရွေးကောက်ပွဲမှာ သားဖြစ်သူ မားကိုစ့်ဂျူနီယာ အနိုင်ရရင် ပြန်လည်ပြင်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင်အာဏာရှင်ဟာ ဘာတန်စက်ရုံကို ကန်ဒေါ်လာ(၂.၂)ဘီလျံအကုန်အကျခံ တည်ဆောက် ထားပြီး အဲ့ဒီစက်ရုံကိုအကြောင်းပြုပြီး လာဘ်စားမှုများစွာ ပြုလုပ်ခဲ့တဲ့နေရာ ဖြစ်ပြီး ၁၉၈၆ ခုနှစ် အာဏာရှင်ပြုတ်ကျပြီးနောက်မှာတော့အဲ့ဒီစက်ရုံနဲ့ပတ်သက်ပြီး အကြောင်းအရာတွေ တိတ်ဆိတ်သွားခဲ့တာပါ။ 

အဲ့ဒီစက်ရုံဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၁၈) မီတာရှည်တဲ့ ကမ်းရိုန်းတန်းပေါ်မှာ တည်ရှိပြီး ငလျင်ပုံမှန်ဖြစ်လေ့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မီးတောင်တွေပေါများတဲ့နေရာမှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။ 

မားကိုစ့်ဂျူနီယာအနေနဲ့ ရွေးကာက်ပွဲမှာ အနိုင်ရရှိရင် နျူကလီးယားစွမ်းအင် ပိုင်ဆိုင်ရေးကို အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာဖြစ်ပြီး သူ့ဖခင်အာဏာရှင်ရဲ့ မအောင်မြင်တဲ့ စွန့်စားခန်းကို ပြန်လည်အသက်သွင်းဖို့ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ 

“ကျွန်ုပ်တို့အနေနဲ့ နျူစွမ်းအင်ကို ကြည်ရန်လိုအပ်သည်။ နိုင်းငံတွင်း လျှပ်စစ်ဓါတ်အား မတန်တဆမှု ကိုလျှော့ချဖို့အတွက် အနည်းဆုံး အဲ့ဒီစက်ရုံလိုအပ်တယ်” လို့ မားကိုစ့်ဂျူနီယာ ကပြောပါတယ်။ 

လေအားလျှပ်စစ်၊ နေရောင်ခြည်လျှပ်စစ်နဲ့ ဘူမိနည်းပညာတွေကို စိတ်ဝင်စားတဲ့ မားကိုစ့် ဂျူနီယာဟာ ဘတ်တန်စက်ရုံကို ပြန်လည်ထူထောင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုပြုချက်ကို ပြန်လည်စဉ်းစားသင့်တယ်လို့ ပြောပါသေးတယ်။ 

တောင်ကိုရီးယားနဲ့ ရုရှားကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေအရ ၆၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံကို ပြန်လည်အသုံးပြုနိုင်တယ်လို့ စွမ်းအင်းဝန်ကြီးည Alfonso Cusi က ၂၀၂၀ ခုနှစ်က အထက်လွှတ်တော်ကြားနာပွဲမှာ ပြောခဲ့ပါတယ်။ 

ဘတ်တန်စက်ရုံဟာ ရှေးဖြစ် analog နည်းပညာနဲ့ တည်ဆောက်ထားတဲ့အတွက် အဆင့်မြှင့်တင် တာတွေပြုလုပ်ဖို့ အမေရိကန်ဒေါ်လာ (၁) ဘီလျံကုန်ကျပြီး (၄) နှစ်လောက်ကြာနိုင်တယ်လို့ သိရပါတယ်။ 

Ref: Thestraitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.