ပြုံယမ်း – မေ(၆) 

မြောက်ကိုရီးယားရဲ့ အဓိက ဝါဒဖြန့်ချိရေး ၀က်ဘ်ဆိုဒ်တစ်ခုက ပြုံးယမ်းရဲ့ လက်နက်စမ်းသပ်မှုနှင့်ပတ်သက်ပြီး ပိုမိုပြင်းထန်စွာတုန့်ပြန်မယ်လို့ သဘောထားထုတ်ပြန်ထားသည့် တောင်ကိုရီယား သမ္မတအသစ် ယွန်းစွတ်ယိုကို  “အမေရိကန်လိုလားသောသူ” “ထိပ်တိုက်ရင်ဆိုင်လိုသောသူ” “အဓိကရန်သူ” ဆိုပြီး လူသိရှင်ကြား စွပ်စွဲဖော်ပြခဲ့ပါတယ်။ 

လာမည့် မေလ ၁၀ ရက်နေ့မှာ ရာထူးတာဝန်ယူမည့် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်တဲ့ ယွန်းနှင့် ပတ်သက် ပြီး မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်မီဒီယာက တရားဝင်မှတ်ချက်မပေးသေးထား ပေမယ့် ၎င်းဝါဒဖြန့်ချီရေးဝဘ်ဆိုဒ် ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအရိပ်အယောင်တွေ ကြုံတွေ့လာပါက မြောက်ကိုရီယားကို ကြိုတင်ခုခံတိုက်ခိုက်ခွင့် ပြုမယ်လို့ ယွန်းက အိမ်နီးချင်းနိုင်ငံအား မှတ်ချက်ပေးထားခဲ့တဲ့အတွက် အဓိကရန်သူအဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းခဲ့တဲ့ သမ္မတ မွန်းဂျေအင်းကတော့ အဆိုပါဖော်ပြချက်တွေနဲ့ လွတ်ကင်းခဲ့ပါတယ်။ 

ဝါဒဖြန့်ချိရေး ဝဘ်ဆိုဒ်က ယွန်းနှင့် သူရွေးချယ်ခဲ့တဲ့ ဝန်ကြီးတွေဖြစ်တဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး နှင့် ပေါင်းစည်းဆက်ဆံရေး ဝန်ကြီးများကို ယခင် ရှေးရိုးဆန်တဲ့ အစိုးရမှာ တာဝန်ထမ်းဆောင်စဉ် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သည့် “အမေရိကန် လိုလားသူများ” အဖြစ် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားရဲ့ ယခုနှစ်အတွင်း ၁၄ ကြိမ်မြောက် လက်နက်စမ်းသပ်မှုအား ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားစစ်တပ်က အစီရင်ခံတင်ပြခဲ့ပြီး လေ့လာသူများက ၎င်းရဲ့ ကင်းထောက်ဂြိုလ်တုနည်းပညာကို စမ်းသပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) လွှင့်တင်ပြီး မကြာမီ ဝေဟင်မှာ ပေါက်ကွဲခဲ့ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.