May 6, 2022

ရုပ်ရှင်ကြည့်မယ့်သူမရှိလို့ ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေ တောင်းဆို

ရန်ကုန်၊ မေ(၆) အာဏာသိမ်းစစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဖွင့်ထားရတဲ့ ရုပ်ရှင်ရုံတွေမှာ လာရောက်ကြည်ရှုတဲ့ သူနည်းပါးနေလို့ ရုပ်ရှင်ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး စစ်ကောင်စီက ရုပ်ရှင်ရုံတွေကို မဖွင့်မနေရ ဆိုတဲ့ ဖိအားပေး ခဲ့လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ထားရတာပါ။ ရုပ်ရှင်ရုံတွေစဖွင့်တဲ့အချိန်ကနေ လာရောက်ကြည့်ရှုတဲ့သူ မရှိသလောက်နည်းပါးနေတဲ့အတွက် ရုံပြန်ပိတ်ဖို့ အစည်းအရုံးကို စာတင်ထားတယ်လို့ ရုံပိုင်ရှင်တစ်ယောက်က ဆိုပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကတော့…

မန္တလေးမှာ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေကို စစ်ကြောရေးမှာ အဓမ္မပြုကျင့်ဖို့ထိ အာဏာသိမ်းစစ်တပ်ကလုပ်ဆောင်

မန္တလေး – မေ(၆) မန္တလေးမှာ ဖမ်းဆီးခံရတဲ့ သံဃာတော်တွေကို စစ်ကြောရေးမှာ ရိုက်နှက်ရုံတင်မကပဲ အဓမ္မပြုကျင့် ဖို့အထိ အာဏာ သိမ်းစစ်တပ်က လုပ်ဆောင်နေတယ်လို့ မန္တလေး သံဃာသမဂ္ဂက ဦးဇင်းတစ်ပါးက သံလွင်တိုင်းမ် ကို မိန့်ကြားပါတယ်။ မန္တလေးမြို့မှာ သံဃာတော် (၁၇) ပါးဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက (၅) ပါးပြန်လွတ်ထားပေမယ့် သံဃာ(၁၂) ပါးက အကျဉ်းချခံနေရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။…

တောင်ကိုရီးယားသမ္မတ ကို အဓိက ရန်သူဆိုပြီး မြောက်ကိုရီးယားစွပ်စွဲ

ပြုံယမ်း – မေ(၆) မြောက်ကိုရီးယားရဲ့ အဓိက ဝါဒဖြန့်ချိရေး ၀က်ဘ်ဆိုဒ်တစ်ခုက ပြုံးယမ်းရဲ့ လက်နက်စမ်းသပ်မှုနှင့်ပတ်သက်ပြီး ပိုမိုပြင်းထန်စွာတုန့်ပြန်မယ်လို့ သဘောထားထုတ်ပြန်ထားသည့် တောင်ကိုရီယား သမ္မတအသစ် ယွန်းစွတ်ယိုကို “အမေရိကန်လိုလားသောသူ” “ထိပ်တိုက်ရင်ဆိုင်လိုသောသူ” “အဓိကရန်သူ” ဆိုပြီး လူသိရှင်ကြား စွပ်စွဲဖော်ပြခဲ့ပါတယ်။ လာမည့် မေလ ၁၀ ရက်နေ့မှာ ရာထူးတာဝန်ယူမည့် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်တဲ့ ယွန်းနှင့် ပတ်သက် ပြီး မြောက်ကိုရီးယားရဲ့…

မားကိုစ့်သမ္မတဖြစ်ရင် ဖီလစ်ပိုင်ရဲ့ နျူကလီယားအစီအစဉ်ပြန်စမယ်

မနီလာ – မေ(၆) ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကိုစ့် လက်ထပ်က တည်ဆောက်ထားတဲ့ Mothballed နျူကလီယားဓာတ်အားပေးစက်ရုံဲနဲ့ ဓာတ်ပေါင်းဖိုကို နောက်လာမယ့် ရွေးကောက်ပွဲမှာ သားဖြစ်သူ မားကိုစ့်ဂျူနီယာ အနိုင်ရရင် ပြန်လည်ပြင်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အာဏာရှင်ဟာ ဘာတန်စက်ရုံကို ကန်ဒေါ်လာ(၂.၂)ဘီလျံအကုန်အကျခံ တည်ဆောက် ထားပြီး အဲ့ဒီစက်ရုံကိုအကြောင်းပြုပြီး လာဘ်စားမှုများစွာ ပြုလုပ်ခဲ့တဲ့နေရာ ဖြစ်ပြီး ၁၉၈၆ ခုနှစ် အာဏာရှင်ပြုတ်ကျပြီးနောက်မှာတော့အဲ့ဒီစက်ရုံနဲ့ပတ်သက်ပြီး အကြောင်းအရာတွေ…

ရုရှားရဲ့ ရေနံပိတ်ပင်တာကို ချက်ချင်းလိုက်နာဖို့ ခက်ခဲတယ်လို့ ဂျပန်ပြော

တိုကျို – မေ(၆) ယူကရိန်းကို ကျုးကျော်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ရုရှားရေနံတင်သွင်းမှုကို ဖြတ်တောက်မယ့် လှုပ်ရှားမှုကို ချက်ချင်း လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ရမှာဖြစ်တယ်လို့ စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ကိုဟီချီဟာဂီဒါက ပြောခဲ့ပါတယ်။ ရေနံစိမ်းရောင်းချမှု အပါအဝင်မော်စကိုအပေါ်အပြင်းထန်ဆုံးပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ဥရောပသမဂ္ဂအမှုဆောင်အရာရှိက အဆိုပြုခဲ့ပြီးနောက်ပိုင်း ဂျပန်ဝန်ကြီးက ဝါရှင်တန်ကို အလည်အပတ်ရောက်ရှိချိန်မှာ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကရုရှားအပေါ်ဒဏ်ခတ်အရေးယူမှုတွေ…