တောင်ပျောက်က စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါ ခံစားနေရတာကြောင့် ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေ
မော်လမြိုင် ၊ ဧပြီ (၂၂) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါခံစားနေရတာကြောင့် ဆေးဝါးအအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့ပြီးနောက် တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါ စတင်စစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေကစပြီး သက်ကြီးပိုင်းတွေမှာလည်း…